-Epilogue-

3.1K 122 23
                                    

Chapter(30)Final

"အား!!!"

နတ်သွေးနှောဖြစ်သည့် သူ၏ခန္ဓာအတွင်း၌ မိစ္ဆာစွမ်းအင်အပြင် နတ်ဘုရားစွမ်းအင်တွေပါ စီးဆင်းနေတာကို ကြီးမြတ်လှသောနတ်ဘုရားတို့ မေ့နေကြလားမသိဘူး။

ယခုဆုံးဖြတ်ချက်အပြီး၌ သူ၏ခန္ဓာကိုယ်သည် ပျောက်ကွယ်ရမည်ဆိုလျှင်တောင် သူလုပ်ဆောင်​ေနအုန်းမည်ဖြစ်သည်။ဒီဘဝ၌ သူအသက်ဆက်ရှင်ဖို့အတွက် မည်သည့်မျှော်လင့်ချက်မှ မရှိတော့တာ ဘာကြောင့် အသက်ဆက်ရှင်နေရအုန်းမှာလဲ။ထိုသူ့ကိုကာကွယ်ပြီးတာနဲ့ သူထွက်သွားဖို့အသင့်ပင်...

"အထွဋ်အထိပ်နတ်ဘုရား!!!"

မိစ္ဆာအမှတ်အသား ပျောက်ကွယ်ကာ တတိယမျက်ဝန်းတော်ပေါ်ပေါက်လာသော နတ်သွေးနှော။ဟောကြားချက်တွေဟာ အမှန်တကယ်ဖြစ်ပေါ်လာခဲ့ပြီ။ချစ်ရသူကိုသတ်မဲ့ ဇာတာပိုင်ရှင်ဟာစစ်နတ်ဘုရားပေလော့။ကံကြမ္မာဟာ တကယ်ပဲ သူတို့နှစ်ယောက်အပေါ် ရက်စက်လိုက်တာ...

"ကောင်းကင်နတ်ဘုရားအဆင့် ထက်သာလွန်တဲ့ အထွဋ်အထိပ်နတ်ဘုရားပဲ!!"

တုန်လှုပ်လာသောကောင်းကင်အရှင် အထွဋ်အထိပ်နတ်ဘုရားကိုယှဉ်နိုင်သူဟာ စစ်နတ်ဘုရားပင်သာရှိတာ ဖုန့်ဟွာသာသူ၏ဇီဝန်ကိုမချုပ်ငြိမ်းပါက..ကောင်းကင်ဘုံသည်ပျက်စီးရတော့မည်။

"ရှောင်ကျန့်!!!ခင်ဗျားဖယ်!!ကျုပ်သူ့ကို သတ်ရမှာ..သူ့အပြစ်ကြွေးသူဆပ်ရမှာ..ခင်ဗျားကျုပ်ကိုမတားနဲ့!!"

"ကောင်းကင်အရှင်ဟာ ငါ့ဆရာ၊ငါ့ကိုငယ်စဉ်ထဲက စောင့်ရှောက်လာပေးခဲ့တာ..သူဟာငါ့ကျေးဇူးရှင်.."

"မကောင်းတဲ့အောက်တန်းစားကို..ကာကွယ်ပေးမနေနဲ့!!သူ့ကြောင့်..အသက်စတေးခံခဲ့ရသူတွေ ဘယ်လောက်များခဲ့သလဲ!!သူ့ကြောင့်...မိစ္ဆာငယ်တွေအများအပြားသေဆုံးရပြီး...မိသားစုပြိုကွဲခဲ့ရတာ..သူ့ကိုမကာကွယ်ပေးနေနဲ့..."

"ငါ..."

"ခင်ဗျားဟာ...ကျွန်တော်နဲ့ရန်သူဖြစ်ဖို့ကိုပဲ..အမြဲရွေးချယ်ခဲ့တာပဲ.."

နတ်သွေးနှောလေးဟာ ထိုစကားခွန်းကို ရင်နစ်ဖွယ်ဆိုလေသည်~~

မျက်ဝန်းတွေ...အမြဲတမ်းကြည်လင်နေတဲ့မျက်ဝန်းတွေဟာ..ယခုချိန်မှာခံစားချက်မဲ့နေတယ်။မင်းကိုယ့်ကိုယ်တကယ်မုန်းနေပြီ မှတ်လား..ရိအာ....

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now