"ဟင်!...ရှောင်!"
ဘာကြီးလဲ..ဂေဟာအတွင်းဝင်လိုက်တာနဲ့ မြင်လိုက်ရတဲ့မြင်ကွင်းက မလုံမလဲဝတ်ထားသော မိန်းမပျိုအများအပြားနှင့် ထိုမိန်းမပျိုများကိုဆွဲလားရမ်းလားလုပ်နေသော ယောကျာ်းကြီးများ...အရှက်ကင်းမဲ့စွာနမ်းရှိုက်နေကြသောလူတချို့...
ထိုမြင်ကွင်းသည် သူ့အာအလွန် ရှက်ရွံေစသဖြင့်...ရှောင်ကျောနောက်ကို အသာကပ်မိလေ၏..
"သခင်ငယ်လေးက..'ကော'..လား"
" 'ကော' ကဘာကြီးလဲ"
"ခစ်..ခစ်..သခင်လေးတို့သုံးယောက် ဒီအခန်းထဲမှာစောင့်ပါနော်။ကျွန်မကသခင်လေးတို့ကို ပြုစုဖို့အချောအလှလေးတွေ ခေါ်လာပေးပါ့မယ်..ခစ်..ခစ်"
ချွဲနွဲ့မူပိုစွာ စကားပြောဆိုနေသော ထိုမိန်းကလေးဟာ သူ့အမြင်မှာတော့ ကြက်တူရွေးကိုနှုတ်ခမ်းနီဆိုးပေးထားသလိုပဲ...သေရည်မြန်မြန်သောက်ပြီးဒီကထွက်သွားမှ...
"ရှင်းကော 'ကော' ကဘာလဲ"
"အာ...အဲ့တာက..အဟန့်..ကောဆိုတာက ချူးရှားကျစ်အမှတ်အသားပါတဲ့အမျိုးသား..အဟန့်...သူတို့ကယောကျာ်းြခင်းဆက်နွယ်တဲ့အခါ...ထိုယောကျာ်းရဲ့မျိုးမြတ်ရည်အောင်ရင်.. ကိုယ်ဝန်ဆောင်နိုင်တယ်.."
ကာမဆက်နွယ်မှုနှင့် သက်ဆိုင်သော အကြောင်းများကို ပိုင်လိအာပြောပြရတာသူတကယ်ရှက်ရွံမိတယ်။သူတို့အပြင် ရုပ်တည်ကြီးနဲ့ထိုင်နေတဲ့ ဖုန့်သခင်လေးလည်းရှိနေတော့....
"ယောကျာ်းလေးကလား..."
"အင်း"
"ကျွန်တော်က 'ကော'လား ရှင်းကော"
"အဟွတ်...အဟွတ်...မင်းက...ကော..မဟုတ်ဘူး...ယောကျာ်းစစ်စစ်ကြီး"
"အော်..."
"သခင်လေးတို့..."
ဘာလိုပုံတွေလဲ...သူတို့စီကိုလျှောက်လှမ်းလာတဲ့ မိန်းမပျိုနှစ်ဉီးနဲ့နောက်တစ်ယောက်က၊ယောကျာ်းပျိုတစ်ဉီး အတွင်းသားတွေကိုဖော်ကျူးကာဝတ်စားထားတဲ့ သူတို့တွေကတကယ့်ကို အမြင်ရှိုင်းစေတယ်..
"သခင်ငယ်လေးမှာထားတဲ့သေရည်ရပါပြီ..ကျူးအာ..ငှဲ့ပေးမယ်နော်.."
YOU ARE READING
သစ္စာနှောင်ကြိုး(completed)
FanficZhanyi(ZSWW) မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကို တခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Unicode မက်မွန် လေအဝေ့ နှလုံးသား တစ်စုံကို ချစ်ရသူစီ အပ်နှင်းလို့ နှင်းမှုန်အဖြစ် ပြောင်းရတော့မယ် Zawgyi မက်မွန် လေအဝေ့ နှလုံးသား တစ္စုံကို ချစ်ရ...