"အန်းကော.."
"ဘာလိုလို့လဲ ပိုင်လိ"
"ကျွန်တော်မက်မွန်တောထဲကို သွားချင်တယ်..အဲ့တာ.."
"ရှင်းကျိုးကိုခေါ်သွား..တစ်ယောက်မသွားနဲ့နော်"
"ဟီး...ဟုတ်"
ပိုင်လိဟာအခုရက်ပိုင်း အရင်ကထက်ပိုရွှင်လန်းလာတယ်..ထိုသူရဲ့လက်ဆက်ပွဲသတင်းကို ပိုင်လိသာကြားသိခဲ့ရင်..အခုလိုပျော်ရွှင်နေပါ့အုန်းမလား..
>>>
"မက်မွန် လေအဝေ့
နှလုံးသား တစ်စုံကို
ချစ်ရသူစီ အပ်နှင်းလို့
နှင်းမှုန်အဖြစ် ပြောင်းရတော့မယ်""ပိုင်လိအဲ့တာ ဘယ်သူ့ ကဗျာလည်း"
"ဟီး...ကဗျာဟုတ်ပါဘူးကောရဲ့..ဒီအတိုင်းလျှောက်ဆိုကြည့်တာ"
"အော်.."
"ကျွန်တော်အကြိုက်ဆုံးပန်းက မက်မွန်ပန်းလေးတွေပဲ ။ဘာလို့လဲ
ဆိုတော့ မက်မွန်ပန်းလေးတွေက ဆောင်းရာသီရဲ့အအေးဒဏ်ကိုကြံ့ကြံ့ခံလို့ သူတို့ကပန်းခိုင်ကိုကုတ်တွယ်နိုင်ကြတယ်..ပြီးတော့လည်း အေးစက်နေတဲ့ရာသီဉတုကို အနိုင်ယူလို့ငှားငှားစွင့်စွင့်ပွင့်ဖူးနေကြတာ..အေးခဲမှုကိုကျွန်တော်တို့က ကြောက်ရွံ့လို့ အနွေးဓာတ်ရှာနေချိန်မှာတောင် သူတို့က..နှင်းစက်ေတွရဲ့အအေးဓာတ်ကိုစုပ်ယူလို့ လှပစွာဖူးပွင့်ကြတယ်။မက်မွန်ပန်းေတွဟာကျွန်တော်ထက်ပိုပြီး.. သတ္တိရှိတယ်..""ပိုင်လိလည်းအရင်ကသတ္တိရှိပြီး ထက်မြတ်တာပါပဲ..ဒါပေမဲ့အချစ်နဲ့တော့ပျော့ပြောင်းသွားတဲ့ နွယ်ပင်လေးလိုပေါ့.."
"ဟား..ဟား..ကောကဖွဲ့နွဲ့တက်လိုက်တာ"
"အရင်ကလိုအစားမငမ်းတော့လို့နဲ့တူတယ်...ပန်းသီးလေးကနေပဲတောင့်ရှည်လေး ဖြစ်လာပြီ.."
"ဟီး..ဟုတ်လား..ဆော့ရအောင်..ရှင်းကော..မက်မွန်ပွင့်ချပ်လေးတွေမြေမခခင် အများဆုံးစုဆောင်းမိသူကအနိုင်.."
ပိုးသားဖိနပ်လေးကို ညီညီညာညာ ပင်စည်ေြခရင်းမှာချွတ်လို့ ဖြူဝင်းအိဖက်တဲ့ခြေဖဝါးပန်းနုရောင်ဟာ စိမ်းမြမြမြက်ခင်းစိ်မ်းပေါ်ကိုအခြေချကာ အပြေးအလွှားမက်မွန်ပွင့်ချပ်ကို လိုက်ဖမ်းနေသောလူငယ်လေး..လေအလွင့်နဲ့အတူ..ဆံနွယ်ေတွဟာယိမ်းကလို့ေနတယ်။မက်မွန်ပွင့်ချပ်ေတွနဲ့အတူ ထိုလူငယ်လေးဟာအတူတူကခုန်ေနသယောင်ယောင်...
YOU ARE READING
သစ္စာနှောင်ကြိုး(completed)
FanficZhanyi(ZSWW) မေတ္တာရပ်ခံခြင်း❗ ကျေးဇူးပြုပြီး Juneရဲ့ fictionကို တခြား mediaများကိုလုံးဝ မshare ကြပါနဲ့။ Unicode မက်မွန် လေအဝေ့ နှလုံးသား တစ်စုံကို ချစ်ရသူစီ အပ်နှင်းလို့ နှင်းမှုန်အဖြစ် ပြောင်းရတော့မယ် Zawgyi မက်မွန် လေအဝေ့ နှလုံးသား တစ္စုံကို ချစ်ရ...