Chapter(10)

1.5K 113 9
                                    

"ကျောင်းသားပိုင်လိ မင်းကိုဝင်ခွင့်မပေးနိုင်ဘူး"

"ကျွန်တော်...မဟုတ်...ဘာလို့"

အစီအစဉ်မကျ သူကိုယ်တိုင်တောင်ဘာပြောမိမှန်းမသိဘူး

"တခြားကျောင်းသားတွေမင်းတို့ ဆရာတူအကိုကြီးတွေနဲ့အတူဝင်ကြပါ"

"ဒုအကြီးအကဲ"

"မင်းတို့အစကဘယ်နှစ်ယောက်အဖွဲ့ကိုဖွဲ့စည်းထားတာလဲ"

"ငါးယောက်ပါဒုအကြီးအကဲ ချင်းမိန်းကလေးကဒီရောက်မှပါဝင်လာတာပါ"

"ကျောင်းသူချင်း မင်းလည်းအတူလိုက်ဝင်သွား"

"ဟုတ်ကဲ့"

---------

အခုသူတို့ငါးယောက်နဲ့ ဒုအကြီးအကဲသာ ဝင်ပေါက်တံခါးမှာကျန်တော့သည်

"ပိုင်လိ မင်းက မိစ္ဆာအနွယ်ဝင်မဟုတ်လား"

"ကျွန်တော်....က.."

"ဘာရည်ရွယ်ချက်နဲ့လဲမဟုတ်မှ မိစ္ဆာဘုရင်ကနတ်ဓားကိုခိုးယူခိုင်းခဲ့တာလား?အဲ့လိုသာဆို မင်းတို့ မိစ္ဆာတွေရဲ့ စိတ်ဓာတ်ကအောက်တန်းကျလွန်းတယ် ကိုယ်မပိုင်တာကိုလုယူဖို့ပဲတွေးတော
နေကြတာ"

မိစ္ဆာ!! မိစ္ဆာ!! မိစ္ဆာ !!သူရဲ့နားထဲပဲ့သံတင်သလိုထပ်ခါထပ်ခါကြားယောင်နေ၏။ဘာလို့လဲ...ဘာကိစ္စမဆိုသူတို့ မိစ္ဆာတွေအမှားဖြစ်ရတာလဲ?

နတ်ဓား..ဒီဓားအကြောင်းလည်းအခုမှသူကြားဖူးတာပါ။ဘာလို့သူတို့က အောက်တန်းကျတယ်လို့ပြောခံရတာလဲ။သူတစ်ခါမှသူများ ပစ္စည်းကိုလုယူဖို့မစဉ်းစားဖူးဘူး။ဘာကြောင့်မိစ္ဆာတွေကအမြဲမှားယွင်စွပ်စွဲမှုတွေကိုခံနေရတာလဲ?

"ညီလေး ပိုင်လိက မိစ္ဆာအနွယ်ဝင်လား??"

"ဒုအကြီးအကဲ ကျွန်တော်ညီလေးကလူသားတစ်ယောက်ပါ။ ကျွန်တော်ကသူ့အကို သူသာ မိစ္ဆာဆိုကျွန်တော်လည်း မိစ္ဆာပဲလေ ကျွန်တော်ကျအောင်မြင်ပြီး ညီလေးကဘာလို့ကျန်ခဲ့ရတာလဲ.. အကြီးအကဲရဲ့ မှော်ကျောက်တုံးက ပြသာနာရှိနေလို့ဖြစ်မယ်"

"တိတ်စမ်း!!!ကောင်းကင်အရှင်ရဲ့နတ်ကျောက်တုံးက အဘယ်ပြသာနာရှိရမှာလဲ ဒီမိစ္ဆာကောင်!!!ကသာအဓိကပြသာနာ"

သစ္စာနှောင်ကြိုး(completed)Where stories live. Discover now