6

544 66 7
                                    

"မ"
"ဟင်"
Janeကားတံခါးကို ဆွဲဖွင့်ဖို့လက်ကမရောက်မီ အရိပ်တခုရောက်လာပြီး တံခါးကိုမှီလိုက်သဖြင့် လက်ကပြန်ရုတ်လျက်မိသားဖြစ်သွားသည် ဘယ်သူလဲလို့ မျက်နှာကို ကြည့်လိုက်တော့
  " မင်းကို"
ပြောပြီးမျက်နှာအမူရာပြောင်းလဲသွားပုံကကျောက်ဆောင်ကျောက်သားလို
"ဟုတ်"
'ဒါ ဘာလုပ်တာလဲ'
"မနဲ့စကားနည်းနည်းလောက်ပြောချင်လို့ပါ "
"ငါ့မှာပြောစရာစကားမရှိဘူး"
"မမှာ ပြောစရာမရှိတာliသိပါတယ် အခုက liမှာ ပြောစရာရှိလို့ မနားထောင်ပေးဖို့ပါ ခနလေးပါ မရဲ့'
" ဒီမှာ "
"......."
" နင့်စကားကိုနားထောင်ပေးဖို့ငါ့မှာ အချိန်မရှိဘူး ပြီးတော့နင်နဲ့ငါ့ကြားမှာ ဘာရင်းနှီးပတ်သတ်မှုရှိတာမဟုတ်လို့ မနှောင့်ယှက်ပါနဲ့"
" မ "
- " ဘာမလဲ မရအောင် ငါနတ်ကတော်မဟုတ်ဘူး ရှေ့ကဖယ်မလား မဖယ်ဘူးလားဒါဘဲပြော"
" liပြောတာကို နားထောင်ပေးရင်ဖယ်ပေးမှာပေါ့ "
- မျက်နှာတင်းပြီး စေ့စေ့ကြည့်နေတာတောင် တစ်ချက်အကြည့်မလွှဲဘဲ ရဲရဲရင်ဆိုင်ကာ အပြုံးမပျက်ရှိနေတာကိုကမုန်းဖို့ကောင်းတာ ရုပ်ကလေးကချောပါရဲ့ စတိုင်ကလဲ အမအမိုက်စား ရုပ်ချောတိုင်း နှလုံးသားမလှတဲ့ လူတွေကို မုန်းပါတယ်ဆိုမှ အမုန်းကိုခြေထိုးခံဖို့ ကြိုးစားနေတဲ့ ကောင်မလေးကိုဘယ်လိုတုန့်ပြန်ရမလဲ
လက်၀ါးတွေယားကျိကျိဖြစ်လာပေမယ့်
ကိုယ့်အလွန်မဖြစ်အောင် ထိန်းချုပ်ထားရတာမလွယ် အညှာလွယ်တတ်တဲ့ နှလုံးသားက ဒဏ်ရာတောင်မပျောက်သေးဘူး နောက်တခါဆိုတာထပ်ရှိလာရင် သေတောင်ကိုယ့်ကိုကိုယ်သနားမိမှာမဟုတ်ဘူး မျက်လုံးတွေကိုကြည့်လိုက်တာနဲ့သိနေတာ သူမကို ဒီကောင်မလေး ချဥ်းကပ်နေတာ ခင်မင်ရုံစိတ်မျိုးဖြစ်နိုင်မတဲ့လား
ခင်မင်ရုံဆိုင်တောင်

ရှေ့အလားလာတွေကိုကြိုမြင်နေပြီး တာတောင် သူ့ရှေ့မှာ ခုလောက်အထိ ခြေဆုံရပ်နေမိတဲ့ခြေထောက်ကိုတောင် ဖြတ်ပစ်ချင်စိတ်ပေါက်တာ ဖြစ်နိုင်ရင်ပေါ့လေ

  " li နာမည် ကlisa ပါ "
" ဘယ်သူကမေးနေလို့လဲ စိတ်မ၀င်စားဘူး"
"စိတ်မ၀င်စားမှန်းသိပါတယ် ဒါပေမယ့် မကိုသိစေချင်လို့ ပြောပြတာပါ"
" မ ""
"......."
" တကယ်ပြောတာ li မရဲ့ အရိပ်ကလေးဖြစ်ချင်တယ် "
"နင်ပြောချင်တာ ဒါဘဲမလား   ဖယ်တော့"
ဖယ်တော့ဆိုပေမယ့် liကမဖယ်ဘဲ ပေကပ်ကပ်လုပ်လေတော့ janeစိတ်မရှည်တော့ဘဲ တစ်ဖက်တံကားသို့ ပတ်သွားလိုက်၏ အဲ့တော့ janeတစ်ဖက်က၀င်အထိုင်မှာ သူကလည်း ဟိုဘက်တံခါးကိုဖွင့်၍ ၀င်ထိုင်ပြီးနေပြီ ပိုင်စိုးပိုင်နင်းဖြစ်လာပြီ မို့ jane ဒေါသတွေက တရားချလို့မရတော့ပေ

Extra HeartWhere stories live. Discover now