7

613 82 9
                                    

  Jane အိပ်ယာထက်မှာအိပ်မပျော်တာနှင့် လူးလိုက်လှိမ့်လိုက်ဖြစ်ရင်းဘဲ စိတ်တွေကဆုံးမ မရ အတိတ်တွေကိုသာနာနာကျင်ကျင်သတိရနေမိသည် အငြိုးအတေးကြီးရတာလည်း ရင်နင့်အောင်ချစ်ခဲ့သူမို့ အမုန်းတွေကိုကိုယ်တယောက်ထဲဘဲ ကျိတ်နာကြည်းနေရတာ ဘယ်လောက်တောင်ဆိုးဝါးလိုက်သလဲ

"  Jane မင်းသိရဲ့လား မင်းမျက်နှာလေးကမြင်လိုက်သူရင်ထဲကို တကယ်အေးချမ်းစေတာ ကိုယ့်အတွက်လည်းမင်းက အရိပ်ကလေးတခုလိုပါ တကယ်ပြောတာမယုံမရှိနဲ့နော်  ရင်ခွဲပြလို့ရရင် ကိုယ့်ရင်ကိုခွဲပြချင်ပါတယ် janeကိုကိုယ်ဘလောက်ချစ်လဲဆိုတာကိုလေ'
" ယုံရမာလား"

'အဲ့တာအထပ်ထပ်သေချာတယ် ယုံလိုက်'
" ဘလိုယုံရမာ'
'ကိုယ့်ကိုချစ်ပြီးယုံလိုက်'
"အဟွန်း...'
"ဘာရယ်တာလဲ ခုထိယုံသေးဘူးလား"
"ယုံပါတယ် "
'ယုံရင်အာဘွားပေး'
" ဟင်..ဘာမှလည်းမဆိုင်ဘဲနဲ့"
'ချစ်သူတွေဖြစ်နေမှတော့ဆိုင်တာပေါ့ လုပ်ပါjaneကလိမ္မာပါတယ်'

"မလိမ္မာဘူး မိုက်ရိုင်းတယ်"
:တကယ်'
'အင်း"
"ဒါဆို မိုက်ရိုင်းတဲ့သူကို ဆုံးမရမယ်  လာခဲ့'
janeမျက်နှာလေးဟိုငဲ့ ဒီငဲ့နဲ့ရှောင်တိမ်းပေးမဲ့မရပေ သူ့ရဲ့အနမ်းပန်းပွင့်တွေစိတ်စတ်ကြွေနေခြင်းကြားမှာ ရင်ခုန်သံတွေ စည်းဝါးမညီစွာ ပျော်ခဲ့ဖူးသည်လေ အဲ့တုန်းကတော့ သူပြောသမျှယုံပြီး မိုးမမြင် လေမမြင် ချစ်ပါတဲ့ဆိုတဲ့စကားသာ အန္တရာယ်ကင်းဂါထာဆိုရင် သူ့နှုတ်ဖျားက ရွတ်လွန်းလို့ တုတ်ပြီးဓားပြီးလူသားတောင်ဖြစ်သွားနိုင်သည်

  Janeရင်ထဲမှာ
သူမှတပါးအခြားသော ဘယ်သူကမှ တလောကလုံးမှာသူ့လိုချစ်တတ်တာမီပါ့မလားတောင် ထင်ခဲ့တာ

  "ကိုယ်တော့ ချစ်သူလေးစိတ်ကောက်ရင် ချော့တတ်အောင် ကျင့်ထားဦးမှ"
"Janeကတော်ရုံနဲ့စိတ်မကောက်တတ်ပါဘူး"
'ကိုယ့်မှာအကျင့်တခုရှိတယ် janeရဲ့'
" ဟင်   ဘာအကျင့်လဲ"
"အတည်ပေါက်နဲ့နောက်တတ်တာလေ ကိုယ်ကအစနောက်သန်တယ် janeသိအောင်ကြိုပြောထားတာ အဲ့လိုအနောက်ရရင် မနေတတ်သလိုဖြစ်နေတော့တာ janeရဲ့ အဲ့ဒါကြောင့်'

"ကိုယ်က janeချစ်သူပဲဟာ နားလည်ပေးရမာပေါ့"
'သဘောကောင်းလိုက်တဲ့ ချစ်သူလေး'
သူပါးကိုလိမ်ဆွဲလေတော့ Janeငြိမ်ငြိမ်လေးပဲ ရယ်နေခဲ့မိသည် အချစ်ကြီးလို့အမျက်ကြီးခဲ့တာ ခုတော့ကိုယ့်ရင်ထဲမှာ သူနဲ့ပတ်သတ်ပြီး အမုန်းမီးတွေ တဟုန်းဟုန်းတောက်လောင်နေခဲ့သည် အချစ်ရဲ့အခြားဖက်မှာ အမုန်းတွေရှိတတ်ခဲ့ပြီးနောက်
   အမုန်းရဲ့နောက်ကွယ်က အချစ်ဆိုတာတော့ ဘယ်သောခါမှ ပြန်လည်ငဲ့ဆောင်းကြည့်မှာ မဟုတ်တော့ပါ
     "နင်သိလား somiနင်သာ japanမသွားခဲ့ရင် သူနဲ့ငါခုလိုချစ်သူတွေဖြစ်လာမှာ မဟုတ်ဘူး"
         "နင်သိလား somiနင်သာ japanမသွားခဲ့ရင် သူနဲ့ငါခုလိုချစ်သူတွေဖြစ်လာမှာ မဟုတ်ဘူး"
          "နင်သိလား somiနင်သာ japanမသွားခဲ့ရင် သူနဲ့ငါခုလိုချစ်သူတွေဖြစ်လာမှာ မဟုတ်ဘူး"

Extra HeartWhere stories live. Discover now