' သတိရရဲ့လား မှတ်မိရဲ့လား မရဲ့ဘေးနားရှိတဲ့ ကောင်လေးကျွန်တော့ကို ...မတွေ့ရရင်လည်းလွမ်းလို့နေမယ် တကယ်မေ့လို့မရတဲ့ မရဲ့မျက်၀န်းရယ်
မရယ် မလိမ်ညာရင်လည်းဟန်ဆောင်အပြုံးလေးတခုတော့ လိုချင်တယ် မကကျွန်တော့တွက်မရှိမဖြစ်ပါမရယ် အချိန်ရှိတိုင်းဘဲမရဲ့ဘေးနားရှိချင်တယ်
ဖြူစင်လွန်းတဲ့မရဲ့အပြုံးလေးများထဲ ရင်ခုန်နေမိတယ် မရယ် မထားခဲ့လိုက်ပါနဲ့.........'ဂစ်တာတီးပြီး သီချင်းဆိုနေတဲ့အသံကြောင့်jane အိပ်ယာထဲကနေထလာခဲ့၏
အသံကကိုယ့်ခြံရှေ့ကဘဲဖြစ်မယ်
ဘေးခြံတွေမှာ ကောင်လေးတွေသီချင်းလာဆိုလောက်ရအောင် ငယ်ရွယ်တဲ့မိန်းခလေးအပျိုမရှိဘူးလေ လူပျိုကောင်လေးတွေရှိပေမယ့် အဲ့လူတွေက ဂစ်တာတီး သီချင်းဆိုလေ့မှမရှိတာ ဆိုလည်းထားဦးတော့ဟိုဘက်ခြုံကဆိုရင် ဒီလောက်အသံက ပြတ်ပြတ်သားသားကြားရမှာမဟုတ် janeအပြင်ထွက်လာတော့ ထင်တဲ့အတိုင်း အသံက ကိုယ့်ခြံရှေ့ကပင် အရင်ကလည်း ကောင်လေးတွေခနခန ခြံရှေ့မှာ သီချင်းလာဆိုလို့ ရန်လုပ်လွှတ်ရတာ အကြိမ်ကြိမ် အခုရော အရင်ကောင်လေးတွေဘဲလား
' သမီး'
"ဟုတ်omma"
'ဘယ်ကိုလဲ'
"ommaမကြားဘူးလား အိမ်ရှေ့မှာ လာသောင်းကျန်းနေတဲ့အသံလေ"
'သူ့ဘာသာသူဆိုတာ ဆိုစမ်းပါစေ ပြဿနာသွားမရှာစမ်းပါနဲ့ ကိုယ်မကြားချင်လည်း နားသာပိတ်ထား'"မရဘူးomma တခါသည်းခံလိုက်ရင်နောက်လာဦးမှာဘဲ ခုတည်းကဦးချိုးထားမှ '
' ဟဲ့ 'ပြောစကားနားမထောင်ဘဲထွက်သွားတဲ့ သမီးကျောပြင်ကိုကြည့်ပြီး mrs.kimသက်ပြင်းသာချမိသည် ဒီသမီးရဲ့ စိတ်ကတော့ဆတ်လွန်းပါဘိ
' မရယ် ဆုတောင်းလေးပြည့်ချင်တယ် အခြားတစ်ယောက်နဲ့တွဲသွားရင်လည်း နာကျင်စွာအပြုံးလေးတခုတော့ မတွက်ပေးနိုင်တယ် အရာရာကိုချစ်တဲ့စိတ်နဲ့ခွင့်လွတ်ရင်းဘဲ တကယ်မြတ်နိုးနေတယ် မရယ် ချစ်တယ် အရမ်းဘဲချစ်ပါတယ်'
သီချင်းဆုံးသွားတော့li ဂစ်တာလေးရင်ခွင်ထဲမှာ ပိုက်ထားရင်းမတို့ အိမ်ကိုငေးမောကြည့်နေမိ၏ အဖော်ခေါ်လာရင် ကိုယ့်အတွက်ရော မအတွက်ရော အနှောက်ယှက်ဖြစ်မှာမို့ တစ်ယောက်ထဲလာခဲ့တာလေ
YOU ARE READING
Extra Heart
Fanfictionငါ့အတွက် အကြင်နာလေးနဲ့ ဆယ်ပြားစေ့လောက်ကလေးဘဲ ဒေါင့်ကျကျတွေးရုံနဲ့ ငါကဘ၀တစ်ခုလုံးစတေးလို့ ငုံပြီးမထွေးချင်လောက်အောင် အချိုသာဆုံး ပြန်လည် ပေးဆပ်ချင်တဲ့သူပါ #crdကိုကို