5

551 67 2
                                    

   'ဘာ နင်သူ့နဲ့မထင်မှတ်ဘဲ ထပ်တွေ့ခဲ့တယ်ဟုလား lili'
" ဟုတယ် မနာမည်က Ruby Janeတဲ့"
' Ruby Jane'
"အင်း"
momoတွေခနဲဖြစ်သွားလေ၏ ဒီနာမည်သူကြားဖူးသလိုရှိတယ်
  " မက Kim စာအုပ်တိုက်ပိုင်ရှင်လေ"
'အဲ့ဒါကြောင့် ဒီနာမည်ကို ငါကြားဖူးပါတယ်လို့ တွေးနေတာ ဘလိုထပ်ဆုံဖြစ်တာလဲ'

ဒီကလည်းပြောချင်လွန်းလို့ပါးစပ်ယားနေတဲ့သူမို့ နှုတ်ခမ်းလေးလွန့်ခနဲပြုံးသွားလေသည် မေးတဲ့သူကို ကျေးဇူးတင်စွာနဲ့ ဒီလိုကနေ အစချီပြီးပြောပြတာ ဇာတ်လမ်းတစ်ပုဒ်လို စတွေ့ခတည်းကဇာတ်လမ်းဆန်ဆန်တွေ့ခဲ့ကြတာကိုး မကမာနကြီးတယ်တဲ့ ဘယ်လောက်ဘဲမာနကြီးကြီးအချစ်နဲ့တွေ့ရင်တော့ အရည်ပျော်ကြသွားမှာပါ

  အဲ့လိုချစ်တတ်လာအောင်သင်ပေးဖို့က ကိုယ့်တာ၀န်ဘဲမဟုလား

အင်း အသိအစ်ကိုပြောတာက မကအမုန်း၀ါဒီသမားတဲ့ မချစ်ဖူးဘဲ မုန်းတာလားချစ်ဖူးခဲ့လို့မုန်းတာလား အချစ်နဲ့ပတ်သတ်ပြီး မရင်ထဲဘယ်လောက်ထိနာကျင်ခံစားခဲ့ရပါလိမ့် ဒဏ်ရာတွေရှိခဲ့ရင် ကုစားပေးနိုင်မယ့်သူက ကိုယ်ဘဲဖြစ်ချင်တာ အတ္တကြီးရာများရောက်နေပြီလား

ဘာပဲဖြစ်ဖြစ်အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးလို့အဆိုပြုထားကြတာဘဲလေ အခု liမအကြောင်းတွေအကုန်စုံစမ်းခဲ့ပြီးပြီ သိထားတာထက် ပိုသိချင်တာအတွက်တော့ ကြိုးစားပြီးထပ်စုံစမ်းရဦးမှာပေါ့

   ' ဒါဆို နင်ထီးပေးတာ မယူဘဲအရွှဲခံသွားတယ်ပေါ့
ဇကတော့မသေးဘူးနော် နင်ပြောပုံအရဆို သူဒီလောက်ခါးခါးသီးသီးဖြစ်နေတာ အတိတ်မှာ ဇာတ်လမ်းတစ်ပုဒ်တော့ ရှိခဲ့လိမ့်မယ်ထင်တယ်'
"ငါလည်း အဲ့လိုတွေးပါတယ်"
'လွယ်ပါ့မလား lili'
sanaဖြတ်မေးလေတော့
" ဘာကိုလဲ"
'နင်နဲ့နီးစပ်ဖို့လေ '
"ဘာလို့မဖြစ်န်ိုင်ရမှာလဲ အဓိကလိုအပ်တာ ကိုယ့်ကြိုးစားမှုဘဲလေ ငါတို့မိန်းမတွေဆိုတာ ဘယ်လောက်ဘဲမာနကြီးတယ်ပြောပြော နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေ တကယ်တမ်းတွေးကြည့်ရင် မာနကြီးတယ်ဆိုတာက သူတို့ရဲ့ပျော့ကွက်ကို မာနနဲ့ဖုံးကွယ်ထားတာ'

" များလိုက်တဲ့ ဒဿနတွေ"
'သူ့ရင်ထဲမှာ ဆူးစူးခဲ့ဖူးတယ်ဆိုရင် ကိုယ်ကအဲ့ဒီ ဆူးကိုနှုတ်ပြီး ဒဏ်ရာကိုဆေးသိပ်ပေးနိုင်ရမှာပေါ့'

Extra HeartWhere stories live. Discover now