'သိပ်ပြီး စိတ်ရှုပ်ခံမနေပါနဲ့Janeရယ် နင်သူ့ကိုပြန်ပြီးလက်မခံနိုင်ဘူးမို့လား နောက်ပြန်မလှည့်ချင်ရင် ရှေ့တိုးဖို့ရှိတယ် နင် liကိုသာအဖြေပေးလိုက် အေးရော အဲ့ဒါမှနင့်မှာချစ်သူရှိတယ်ဆိုရင်သူအလိုလိုနောက်ဆုတ်သွားလိမ့်မယ်'ireneကသူစိတ်ကူးမိရာပြောသလို jisooကလည်း
'ဟဲ့ ချစ်သူရှိတာဘဲအိမ်ထောင်ရှိတာမဟုတ်ဘူးလေ သူမျှော်လင့်လို့ရနေဦးမှာဘဲ''အဲ့ဒီတော့ဘာလုပ်ရမလဲ'
'လက်သာထပ်လိုက်တော့'
'ဟယ်'သူတို့နှစ်ယောက်အခြေတင်ပြောနေကြပြီး janeဘာမှမပြောဘဲငြိမ်သက်နေတာ အရုပ်တရုပ်လို သူမဘာဆက်လုပ်ရမလဲသူတို့ပြောသလို liကိုအသုံးချရမလား ဒါလည်းမဖြစ်သေးပါဘူး အချစ်ကိုကစားမိရင် ကိုယ်ဘဲအချစ်က ကစားတာပြန်ခံရမှာ ပြီးတော့ရူးရူးမိုက်မိုက်အရွယ်တွေကပိုပြီးတော့ကြောက်ဖို့ကောင်းသေးတယ်
မင်းကိုကိုယ်တကယ်ချစ်ခဲ့တာပါတဲ့ ဟွန်း
လေကိုမဝယ်ရတိုင်း ပြောတဲ့ပါးစပ်ကိုရွှေချသိမ်းထားဖို့ကောင်းတာ အနာကိုပေးပြီးမှဆေးထည့်ပေးချင်လို့ရမလားchaeyoungရယ် rubyjaneဆိုတဲ့မိန်းမကလည်း တခါထိထားရင်ဆယ်ခါပေးထိတတ်တဲ့သူမျိုးဆိုတာ.."ireneရယ်နင်ကပါးစပ်ကသာပြောဖို့လွယ်တာပေါ့ အိမ်ထောင်ပြုတာက စျေးဝယ်သလို ဘယ်စျေးပေးရရဆိုပြီးဝယ်လာသလိုရလို့လား
ယူပြီးပစ္စည်းပြန်မအမ်းပါလိုသေရာပါပေါင်းသွားရမှာကို ပြောနေတာကထမင်းစားရေသောက်လို့ဘဲ"'ငါကလည်းတွေ့ရာကြုံရာကောက်ယူဖို့မပြောပါဘူး'
"ဒါဆို"'liကိုလက်ခံဖို့ပြောချင်တာ သူ့ခဗျာသနားပါတယ်janeကိုတကယ်ချစ်လို့သာ စိတ်မပျက်ဘဲတကောက်ကောက်လိုနေရှာတာပေါ့ မဟုတ်ရင် သူရုပ်သူ့ရည် သူ့အဆင့်အတန်းနဲ့ တော်စမ်းပါကွာ ရမလားလို့လိုက်တာမရနေပေါ့ သူ့ထက်သာတာတွေအများကြီးဆိုပြီးခေါက်သွားမှာသေချာတယ်'
ireneပြောတာလည်းဟုတ်တာဘဲလို့jisooတွေးမိသည် တကယ်ဆိုliဆိုတဲ့မိန်းကလေးက ထိုင်ငေးချင်စရာကောင်းလောက်အောင်ချောတာ ကောင်မလေးတွေဝိုင်းနေမှာပေါ့ ဒါကိုjaneပါးရိုက်လည်းမမှတ် ပိုးစိုးပက်စက်ပြောလဲမနာနိုင်ဘဲ janeနောက်မှာအရိပ်လိုကပ်ပါနေတာ တော်ရုံမေတ္တာမဟုတ်
YOU ARE READING
Extra Heart
Fanfictionငါ့အတွက် အကြင်နာလေးနဲ့ ဆယ်ပြားစေ့လောက်ကလေးဘဲ ဒေါင့်ကျကျတွေးရုံနဲ့ ငါကဘ၀တစ်ခုလုံးစတေးလို့ ငုံပြီးမထွေးချင်လောက်အောင် အချိုသာဆုံး ပြန်လည် ပေးဆပ်ချင်တဲ့သူပါ #crdကိုကို