Mr.manobanတို့လင်မယားမှာ ကားသံကိုနားစွင့်ရင်း ဧည့်ခန်းထဲမှာ ထိုင်စောင့်နေတာ လည်ပင်းတရှည်ရှည်နှင့်ပါ
ထပြီးလမ်းလျှောက်လိုက်ပြန်ထိုင်လိုက်ပါဘဲ။
ဒီနေ့
သမီးကြီးပြန်ရောက်မယ်ဆိုလို့လေဆိပ်ကို သမီးငယ်သွားကြိုတယ်လေ ဒီအချိန်ပြန်ရောက်ဖို့ကောင်းနေပြီဆိုတော့မျှော်တာပေါ့'ကြာလိုက်တာ'
မိန်းမဖြစ်သူထံမှအသံထွက်လာတော့mr.manobanလမ်းလျှောက်နေရာမှလှည့်ကြည့်ပြီး'အချိန်တန်ရင် အိမ်ကိုဘဲပြန်လာမယ်ဥစ္စာ ဘာလို့ဆန္ဒစောနေရတာလဲကွာ ဟိုမှာညီအစ်မချင်းအလွမ်းသယ်ကြဦးမှာပေါ့'
'အိမ်ရောက်မှအလွမ်းသယ်လည်းရပါတယ်ရှင် ဝေးနေရတာကြာပြီဆိုတော့ကျွန်မတွေ့ချင်နေပြီ'
'ငါလည်းအဖေဘဲလေ အတူတူဘဲပေါ့''ဘာအတူတူလဲ မတူဘူး ဖအေနဲ့မအေနည်းနည်းတော့ကွာတယ် မအေကကိုးလလုံးလုံးလွယ်ပြီးဆယ်လမှဖွားရတာရှင့် ပြီးတော့'
'ကဲ တော်စမ်းပါကွာ မိဘချင်းအတူတူဘဲကိုမင်းဘဲခွဲခြားခွဲခြားလုပ်နေတာငါမခံနိုင်ဘူး'
'မှန်တာပြောတာဘဲ မခံနိုင်လည်းမတတ်န်ုင်ဘူး'
mrs.manobanမျက်စောင်းထိုးလိုက်၏ သူမသမီးတွေအပေါ်ဘယ်လောက်ချစ်သလိုဆို အဲ့ဒီလိုဘဲလေ မိဘချင်းတူတာတောင် ဖအေချစ်တဲ့အချစ်တောင် ကိုယ့်ကိုမမီဘူးဆိုပြီး ပြိုင်ချင်တာ
'ဟော'
'ဘာလဲ'
'ကားသံကြားတယ်ကွ'
'ဟုတ်လို့လား'
'ဟုတ်ပါတယ်ပြန်လာပြီထင်တယ်'
'ဒါဆိုကျွန်မအရင်သွားမယ်'ခြေစမ်းလှမ်းနေတဲ့ ခင်ပွန်းလက်မောင်းကိုဆွဲထားပြီးရှေ့မှအရင်ထွက်ခဲ့တော့
'ဒီမိန်းမ အကဲကိုပိုတယ်'
လင်မယားနှစ်ယောက်ရှေ့ထွက်လာကြတော့ ကားတံခါးပွင်းသွားချင်းနှင့်အတူ"မေမေ"
"သမီးကြီး"
"ဖေဖေ"
"ဟေး ငါ့သမီး"
chaeyoungကိုဖအေကတဖက် မအေကတဖက် ဆီးကြိုပွေ့ဖက်ပြီးကြိုဆိုလေတော့chaeyoungသည် ဖအေကိုနမ်းလိုက် မအေကိုနမ်းလိုက်နှင့်ပါ ကိုယ်ချစ်တဲ့နိုင်ငံမှာကိုယ်ချစ်ရတဲ့မိသားစုတွေနဲ့ ဘ၀တသက်တာအတူတူနေတော့မယ်ဆိုပြီးဆုံးဖြတ်ပြန်လာခဲ့တာလေ
YOU ARE READING
Extra Heart
Fanfictionငါ့အတွက် အကြင်နာလေးနဲ့ ဆယ်ပြားစေ့လောက်ကလေးဘဲ ဒေါင့်ကျကျတွေးရုံနဲ့ ငါကဘ၀တစ်ခုလုံးစတေးလို့ ငုံပြီးမထွေးချင်လောက်အောင် အချိုသာဆုံး ပြန်လည် ပေးဆပ်ချင်တဲ့သူပါ #crdကိုကို