12

1K 90 15
                                    

  "ငါတော့တကယ်သေသာသေလိုက်ချင်တော့တာဘဲဟယ် အဲ့ကောင်မလေး တကယ် တကယ်ပြောမရ ရိုက်မနာနဲ့  တကယ်ကိုဆိုးရွားတယ်သိလား တောက်တဲ့ဆိုရင်လည်းဆေးချေးနဲ့တိုက်ပစ်လို့ရရဲ့ ငါ့ကိုနှောက်ယှက်ဖို့များ လူဖြစ်လာသလားမပြောတတ်ဘူး သွားလေရာမှာအရိပ်လိုကပ်ပါနေတာ ပိုပြီးတော့တောင်စိတ်ပျက်ဖို့ကောင်းသေးတယ် "

ပြောပြီးသက်ပြင်းချလိုက်ပုံက တကယ်ကိုစိတ်ပျက်လက်ပျက်ဟန် Jisoo နဲ့irene janeစိတ်ပျက်နေပုံကိုကြည့်ပီး ပြုံးစိစိမျက်နှာတွေနဲ့ပါ
ကောင်မလေးကိုဘယ်လိုအပြစ်မြင်ပေးရမလဲ သူဘာသာချစ်လို့ကြိုက်လို့ လိုက်တာ အပြစ်မှမရှိဘဲလေ ဒါကမ္ဘာ့နိယာမတရားဘဲလေ

janeကိုကအကဲပိုနေတာ
တစ်ယောက်မကောင်းတာနဲ့အကုန်လုံးကိုသိမ်းကြုံးမုန်းနေဖို့လိုလို့လား လူတကိုယ် စိတ်တမျိုးဘဲလေ သစ္စာမရှိတဲ့သူရှိသလို အချစ်ကိုယုံကြည်ကိုးကွယ်ကြတဲ့သူတွေလည်းရှိတာဘဲလေ လူတိုင်းကတစ်စိတ်တ၀မ်းတည်းမှမဟုတာ ကိုယ့်လက်တောင် အတိုရှည်ရှိသေးတာမဟုလား

"သူကြောင့်ငါလည်းတော်တော်ကိုစိတ်နှောင့်ယှက်ဖြစ်နေရတာ ဘလိုလုပ်ရမလဲဆိုခပ်ကြမ်းကြမ်းသုံးမှဘဲရတော့မယ်"

'ဟင်'
'ဘလို'
janeစကားကြောင့် jisooတို့မျက်လုံးပြူးသွားကြပြီး

'နင်ကဘလိုခပ်ကြမ်းကြမ်းသုံးမှာလဲjane'
"ဘလိုရမှာလဲ လက်ဝါးနဲ့မရရင်ဓားပေါ့'
'အမလေး'
'ဘုရားရေ'
jisooနဲ့ireneတို့ရင်ဖိကုနကြသည် janeကိုမလုပ်ဖူးလို့​ပြောလို့မရဘူးလေ သူကအချစ်နဲ့ပတ်သတ်လာရင်ကျားနာတစ်ကောင်လို့ဖြစ်နေတာ တစ်ခါနာခဲ့ဖူးတဲ့ဒဏ်ရာကြောင့် နောက်ထပ်ခဲမှန်မှာကြောက်တဲ့စိတ်က အစွန်းရောက်လွန်းနေပြီထင်ပါရဲ့
အဲ့တွက်chaeyoungကိုဘဲအပြစ်တင်ရမလား အစွန်းရောက်လွန်းနေတဲ့janeမှာဘဲအပြစ်ရှိနေလေသလား
တကယ်ဆို
liဆိုတဲ့ကောင်မလေးက မဆိုင်တဲ့ရပ်၀န်းတစ်ဖတ်ဆီကရောက်လာတဲ့သူ ရှေ့ကသူနဲ့တူတူပါဘဲတွေးလို့မှမရတာ

'Janeရယ်နင့်ဟာကလည်း'

'အေးလေ နင်အဲ့လောက်ကြီးလုပ်ဖို့မလိုဘူးနော် ဘာလဲတကယ်ဓားနဲ့ထိုးမှာလား'

Extra HeartWhere stories live. Discover now