9

588 80 6
                                    

ဆိုဖာပေါ်မှာထိုင်ပြီး စာအုပ်ဖတ်နေတဲ့ Mr manobalဖုန်းမြည်သံကြောင့်ထကိုင်လိုက်၏ အိမ်ဖုန်းကိုဆက်တယ်ဆိုကတည်းကသမီးကြီးလားလို့ ခြေရော လက်ရောကသွက်မှသွက်ပေါ့ ရေမြေခြားမှာဆိုတော့ တစ်မိသားစုလုံးလွမ်းနေတာ လူမမြင်ရပေမယ့် အသံကြားနေရတော့ တော်သေးတာပေါ့

' hello'
'.........'
" အေး သမီးကြီးပြော"
ထင်တဲ့အတိုင်းဘဲမို့ အသံက၀မ်းသာအားရပေါ့
" ကောင်းတယ် သမီးကြီးရော နေကောင်းလား"
"........"
'ကောင်းတယ် သမီးommaရော ညီမလေးရော'
"ရှိတယ်နေဦးappaခေါ်လိုက်ဦးမယ်"

"မိန်းမရေ မိန်းမ"
'ရှင် ဘာတုန်း'

"မင်းသမီးကြီးဖုန်းဆက်တယ် မြန်မြန်လာ"
"လာပြီ လာပြီ"
သမီးကြီးဖုန်းဆိုတာနဲ့ထွက်လာရသည်မှာ သုတ်သီးသုတ်ပြာ မိဘဆိုတာဒီလိုဘဲလေ သမီးကြကသွားချင်လို့သာ လွှတ်ရတာကိုယ့်သားသမီးကိုယ့်မျက်စိအောက်မှာဘဲရှိစေချင်တာ

" ရော့ ဖုန်း"
သမီးကြီးဆီကဖုန်းလာတယ်လို့appa ommaကိုလှမ်းအော်သံကြားတာနဲ့liလည်းရောက်လာသည် ဘာတွေပြောလဲ ကြားချင်လို့လေ သူနဲ့ကခနခနပြောဖြစ်ကြပေမယ့်ဖုန်းလာတယ်ဆိုတော့ ကြားချင်သေးတာပါဘဲ

" အေး သမီးကြီး နေကောင်းတယ်နော်"

"ommaတို့အားလုံးလဲနေကောင်းကြပါတယ် ကျန်းမာရေးဂရုစိုက်နော် သမီးကြီး"

"ဘလို ဘလို"
"မကြာခင်ပြန်လာခဲ့မှာဟုတ်လား သမီးကြီးတကယ်ပြောတာလား ၀မ်းသာလိုက်တာကွယ်"

"ဘလို ပြန်ရောက်ရင် အိမ်ထောင်ပြုမှာဟလား"

"အမလေး သမီးသား ပြန်လာခဲ့ ommaတို့ဘက်ကအဆင်သင့်ဘဲ စိတ်ချ"
"မင်းစကားကလဲ "
"ဘာဖြစ်လို့လဲရှင်"
"သမီး အိမ်ထောင်ပြုမယ့်ကိစ္စကို အဲ့လိုပြောစရာလား"
"ကျွန်မက သဘောပြောပြတာလေ "
လင်မယားနှစ်ယောက်စကားပြောနေကြတာကလေးရန်ဖြစ်သလိုမို့ တစ်ဖတ်က သမီးကြီးရောအနားက liရော ရယ်နေကြလေသည်

" ပြောပါဦးသမီး လက်ထပ်မယ့်သူကအဲ့မှာ တွေ့တာလား"

" korea မှာကျန်ခဲ့တာဟုတ်လား'
"သမီးမှာ ချစ်သူရှိတာ ommmaတို့လည်းမသိခဲ့ရပါလား"

Extra HeartWhere stories live. Discover now