11

589 73 4
                                    

'ခံလာရပြန်ပီ တစ်ခါဟုတ်လား ၀မ်းသာလိုက်တာဟာ ဟား ဟား'

ကိုယ့်ခံစားချက်ကို ရင်ဖွင့်ပြကာမှ သူတို့ကရယ်နေသဖြင့် Liမျက်နှာရဲသွားသည် ကိုယ့်အဖြစ်ကသူတို့တွက် လှောင်စရာဖြစ်နေပီလား လှောင်ချင်လှောင် ပြောင်ချင်ပြောင် ကိုယ့်ရင်ထဲမှာမချိတာ ကိုယ်ဘဲသိတယ်လေ ငါ့ရင်ထဲမှာချစ်တတ်တဲ့နှလုံးသားမရှိတော့ဘူး သေဆုံးသွားတာကြာခဲ့ပြီတဲ့

မနှလုံးသားကို သေဆုံးအောင်လုပ်ခဲ့တာ ဘယ်လိုလူပါလိမ့် မလိုမိန်းကလေးမျိုးကို ဥပက္ခာပြုနိုင်တဲ့လူက အရူးဘဲဖြစ်မှာပေါ့ (ကိုယ့်အမကို😒)
ဘာပဲဖြစ်ဖြစ်

   ကိုယ်ကတော့ မနှလုံးသားကိုပြန်လည်ရှင်သန်စေလိုခြင်းနှင့် အသက်သွင်းပေးမည့်လူ တစ်ယောက်ကစရုံနဲ့ တစ်ရာမကောင်းဘူးလို့မြင်နေတဲ့ မ အမြင်တွေကိုliပြောင်းလဲပေးနိုင်ဖို့ကြိုးစားမယ် မ
    မကို liအရမ်းချစ်တယ်

  " lili"
"......."
'တော်တော်နာလား'
"ငါက မလက်ဖဝါးနုနုလေးနာသွားမှာဘဲစိုးတာပါ"
'အေးနောက်တခါ လက်ဝါးနာမှာစိုးရင် ဓားသာလက်ထဲထည့်ပေးပြီးရင်ကော့ပေးလိုက်'
"လုပ်သင့်ရင်လုပ်ရမှာဘဲ'
'အချစ်သူရဲကောင်းကြီးပေါ့'

"ဘယ်သူဖြစ်ဖြစ် ချစ်တတ်ရင် သတ္တိရှိလာကြတာပဲ ငါ့အဖြစ်က မိကျောင်းစီးပြီး မြစ်တဖတ်ကူးပြီးစွန့်စားရသေးတာမှ မဟုတ်တာ ခုဟာက ပါးပါးလေးဘဲ"
'နင်က အဲ့လိုစွန့်စားချင်သေးတာလား'
" စွန့်စားမှုရှိမှ ကိုယ့်အချစ်ကိုသက်သေပြနိုင်မှာပေါ့"
'အဲ့ဒါဆို သူမောင်းလာတဲ့ကားရှေ့မှာ မတ်တပ်ရပ်နေလိုက်လေ သေရင်သေ မသေရင်ကျိုးပဲ့ကုန်မှ ဂရုဏာမျက်၀န်းလေးနဲ့ liရယ် မကြောင့်ဖြစ်ရနာ စိတ်မကောင်းလိုက်တာ မင်းကို မချစ်ပါတယ်လို့"

"တော်စမ်းပါဟ"
သူတို့စကားတွေကကိုယ့်ကိုနောက်ဆုတ်စေချင်တာလား ပြောနေတာကောင်းတာအကြံပေးတာတစ်ခုမှမပါ အင်းပေါ့လေ
ကိုယ့်သူငယ်ချင်းအရင်းတစ်ယောက်လုံးခံလာရတော့ သူတို့အမြင်ကပ်နေသလားဘဲ
အဲလေ
အမြင်ကပ်ရအောင် မကို သူတို့ကမြင်ဖူးတာမှမဟုတ်တာ မြင်ဖူးရင်သူတို့ပါ ရူးနိုင်သေးရဲ့

Extra HeartWhere stories live. Discover now