Janeအလုပ်နားရက်မို့ စာအုပ်တစ်အုပ်ကိုထိုင်ဖတ်နေမိသည် ကိုယ့်စာပေတိုက်က ဖေဖေ ချစ်မြတ်နိုးတဲ့အလုပ်တခုဖြစ်တာကတကြောင်း ကိုယ်ကိုတိုင်ကလည်းစာပေကိုချစ်မြတ်နိုးလို့ ဒီလုပ်ငန်းကိုမစွန့်လွှတ်နိုင်ဘဲ ဒီနေ့ထိရပ်တည်လာတာပါ
သူငယ်ချင်းတွေကတော့ တိုက်တွန်းကြပါတယ် janeကို ကိုယ်တိုင်စာရေးပါလားတဲ့ janeကဖတ်ဖို့သာဝါသနာပါပြီး စာရေးတာကျဝါသနာမပါဘူးလေ'Jane'
" "
' jane '
ပထမခေါ်လိုက်ခြင်းမှာ စာထဲစိတ်ရောက်နေတာမို့မကြားမိပေ နောက်တခွန်းခေါ်သံကြမှပိုကျယ်တာမို့ ကြားလိုက်တော့ မော့ကြည့်မိလိုက်ခြင်းမှာ....."ဟင်"
ဘယ်လိုမှမျှော်လင့်မထားတဲ့လူတစ်ယောက်ကို ရုတ်တရတ်တွေ့လိုက်ရတော့မှ Janeအံ့သြလွန်းလို့ ပါးစပ်အဟောင်းသားဖြစ်သွားရပြီး သူ့ကိုကြောင်ငေးကြည့်နေမိသည်
နောက်မှ
သူဟာပြုံးပြပြီး၀င်ထိုင်တော့မှ သတိရပြီး
"ရှင် ရှင်"လက်ညိှုးတထိုးထိုးဖြစ်ပြီး ကြည်လင်နေတဲ့မျက်နှာလေးက ချက်ချင်းတင်းမာခြင်းသို့ ကူးပြောင်းသွားလေသည် ရင်ထဲမှာ ဆစ်ခနဲနာကျင်သွားသလို လျှာပေါ်မှာလည်းပူလောင်မှုတွေ ချက်ချင်းခံစားလိုက်ရပြီး ဒေါသရိပ်တွေကအပြည့်ပါဘဲ
"လက်စသတ်တော့ ရှင်ကိုး"
'jane'
"ရှင်..ဘာလာလုပ်တာလဲ"'ဟင် janeကလည်း သူစိမ်းဆန်လိုက်တာ ကိုယ့်ချစ်သူကို လွမ်းလို့လာတာ အကြောင်းပြချက်ပေးရဦးမှာလား'
"ဘာ"
'ကိုယ် မနေ့ကမှနိုင်ငံခြားကပြန်ရောက်တာ အဲ့ဒါjaneဆီကို ဒီနေ့ဘဲပြေးလာခဲ့ရတာကို ဘာဖြစ်တာလဲ ချစ်သူကခုလိုပြောတော့ ရင်ထဲမှာခံစားရတယ်ကွာ တကယ်ဘဲ'"ဘာတွေလာပြောနေတာလဲ ဘယ်သူလဲရှင့်ချစ်သူက
ရှင်ဒီကိုလာစရာ ဘာအကြောင်းမှမရှိဘူး"'jane!!'
"ရှင်....ကျွန်မအိမ်ကနေအခုထွက်သွား"
'jane..!'
သိပ်ချစ်ပါတယ်ဆိုတဲ့ချစ်သူက ကိုယ့်ကိုရင့်ရင့်သီးသီးတွေပြောပြီးနှင်ထုတ်နေတာ chaeyoungရင်ထဲမှာ အောင့်သက်သက်ကြီးဖြစ်သွားရသည် မျက်ဝန်းတွေက ဒီလောက်ဒေါသအခိုးအငွေ့တွေနဲ့ လျှံထွက်နေတာ စတာ တော့မဖြစ်နိုင် ပြီးတော့janeကကိုယ့်လိုအတည်ပေါက်နဲ့နောက်တတ်တဲ့လူမဟုတ် ကိုယ်စနောက်ပြီး မချော့ခဲ့မိတာကနေ ပြဿနာက ဒီလောက်တောင်ကြီးထွားသွားတာလား အဲ့ဒီနေ့ကိုchaeyoungဘယ်တုန်းကမှမမေ့ခဲ့ဘူးလေ မိန်းကလေးတွေကတကယ်ချစ်ရင် သဝန်တိုတတ်ကြတယ်လေ
YOU ARE READING
Extra Heart
Fanfictionငါ့အတွက် အကြင်နာလေးနဲ့ ဆယ်ပြားစေ့လောက်ကလေးဘဲ ဒေါင့်ကျကျတွေးရုံနဲ့ ငါကဘ၀တစ်ခုလုံးစတေးလို့ ငုံပြီးမထွေးချင်လောက်အောင် အချိုသာဆုံး ပြန်လည် ပေးဆပ်ချင်တဲ့သူပါ #crdကိုကို