"ဆိုးတယ် '
ဟင်အသံတုန်တုန်နဲ့ပြောပြီး jane ချက်ချင်းထရပ်လိုက်သည် စတာ ဒီလို စ စရာလား သူနဲ့jane ချစ်သူဘ၀မှာစခဲ့နောက်ခဲ့တာတွေရှိခဲ့သားပဲ ဒီလောက်ထိတော့
တစ်ခါမှအခံရမခက်ဘူး သည်းမခံနိုင်တဲ့အဆုံး အတိုင်းတာလွန်နေပြီမို့"ရတယ် chaeyoung manobanရှင့်ဘ၀မှာ ကျမမလိုအပ်တော့မှန်းထင်ထင်ရှားရှားကြီးကိုဘဲသိလိုက်ပါပြီ ဒီလိုပွင့်ပွင့်လင်းလင်းပြောတဲ့အတွက်လည်းကျေးဇူးတင်ပါတယ် စတာဘဲဖြစ်ဖြစ် အတည်ဘဲဖြစ်ဖြစ် အချစ်ဆုံးသူငယ်ချင်းဆိုတဲ့ စကားနဲ့တင်ရှင်တို့နှစ်ယောက် သံယောဇဥ်ကိုကျမ ခန့်မှန်းလို့ရပါတယ် ကျမနဲ့ကိုရှေ့ဆက်မတိုးချင်တော့ဘူးဆိုရင်
ရပ်ကျန်ခဲ့ပါ ကျမကလည်းနောက်ပြန်လှည့်ကြည့်ပြီး
လက်မပြဘူး""jane'
"...'
' ဟဲ့ chae ပြောဦးလေ'"jane..'
သူချက်ချင်းထပြီး လက်ဆွဲထားပေမယ့်....
"လူတစ်ယောက်က တစ်ယောက်အပေါ်အပြစ်မြင်လာပြီဆိုရင် ဒါ စိတ်ပျက်ခြင်းဘဲ chaeyoung shi ရှင်စိတ်ချမ်းသာသလိုနေပါ ကျမသွားမယ် ဒီနေရာက ရှင်နဲ့ကျမရဲ့ လမ်းခွဲခြင်းမှတ်တိုင်ပဲပေါ့"
"မဟုတာဘဲ jane.....'
somiကပါထရပ်ပြီးတားပေမယ့် janeလုံး၀လှည့်မကြည့်တော့ဘဲ ခပ်သွက်သွက်ဘဲ ထွက်လာခဲ့တာ သူတို့မှာ ဇာတ်လမ်းဟောင်းတွေရှိရင် ပြန်ဆက်ကြပေါ့လို့ စိတ်ပိုင်းဖြတ်ခဲ့တာ ...အပြင်ကိုထွက်လာတော့ လျှပ်စီးတွေလက်ပြီး မိုးတွေရွှာနေခဲ့သည်လေ...
' ၀ှီး..
ဝေါ ဝေါ
ဂျိမ်း........'
မိုးချိန်းသံကြားတာတောင်ရင်ထဲက အပူမီးကြောင့် jane ကြောက်ရကောင်းမှန်းမသိ မိုးရေစက်တွေနဲ့ရောနှောကာ ပါးပြင်ပေါ်မှာမျက်ရေစက်တွေက လုံးထွေးနေလျက် မိူးစက်မှန်းမသိ မျက်ရည်မှန်းမသိပါ တစ်ကိုယ်လုံးရွှဲရွှဲစိုနေပေမယ့် ကိုယ့်ရင်ထဲကအပူကိုတော့ မိုးရေစက်တွေကမငြိမ်းသတ်ပေးနိုင်စွာ ....ကိုယ့်ကိုကိုယ် ဘာဖစ်လို့ဖြစ်နေမှန်းမသိဦးတည်ချက်မဲ့နေတဲ့ခြေလှမ်းတွေကလည်း ကိုယ်ဘယ်ရောက်နေလဲ မသိအောင်ပင် အသိတရားမဲ့နေခဲ့သည်လေ
အဲ့ဒီနေ့မျိုးတိုင်းကိုJaneမုန်းသည်
သူ့ကိုလည်းမုန်းတယ်
ချစ်လွန်းလို့မုန်းခဲ့တာ
janeအမုန်းတွေက coffeeပူပူတစ်ခွက်ကနေစတင်လာခဲ့သည်လေ
YOU ARE READING
Extra Heart
Fiksi Penggemarငါ့အတွက် အကြင်နာလေးနဲ့ ဆယ်ပြားစေ့လောက်ကလေးဘဲ ဒေါင့်ကျကျတွေးရုံနဲ့ ငါကဘ၀တစ်ခုလုံးစတေးလို့ ငုံပြီးမထွေးချင်လောက်အောင် အချိုသာဆုံး ပြန်လည် ပေးဆပ်ချင်တဲ့သူပါ #crdကိုကို