Part_4(Uni & Zaw)

5.6K 330 22
                                    


Unicode

"ရှန်တ ဒီမှာအလုပ်လျှောက်ကြည့်ကြမလား ဒါကcompanyအကြီးစားကြီးဟ ငါတို့အောက်ခြေဝန်ထမ်းလောက်တော့ ရမယ်ထင်တယ်"

ရှန်တသည်ပိုးပိုးပြလာသောဘက်အား လှည့်ကာကြည့်လိုက်တော့ pageတစ်ခုမှ H companyတွင်အလုပ်လျှောက်လိုကပုံစံတွေ ပညာအရည်အချင်းတွေ စသည်စသည် ထိုcom၏အကြောင်းအရာတို့ကို ရေးထားလေသည်။

"ဟင် ဖြစ်ပါ့မလား အကြီးစားကြီးနော် ငါတို့မှာဘာပညာမှလည်းမရှိသေးဘူး"

"ကြိုးစားကြည့်မယ်လေ ရတော့လည်းအမြတ်ပေါ့
ရှန်တရဲ့"

"အေးနော် ကြိုးစားကြည့်ရင်အမှားမရှိပါဘူး"

"ရှန်လေးရေ ပိုးပိုးရေ"

"ကိုလေး ပြန်လာပြီထင်တယ်"

ရှန်တရောပိုးပိုးရောသည် ထလာကာ ကိုလေးဆီသို့ သွားလိုက်သည်။

"ကိုလေး ပြန်လာပြီလား ပိုးပိုးကခဏနေပြန်တော့မလို့"

ရှန်တသည် oricလက်ထဲမှ အထုတ်များအား ကူသယ်ပေးလိုက်ကာပြောလိုက်သည်။

"အာ မပြန်နဲ့ဦး ပိုးပိုး ကြေးအိုးဝယ်လာတယ် စားပြီးမှပြန် "

"ဟီးးအားနာစရာကြီး"

ရှန်တသည် ပိုးပိုးအား မျက်စောင်းထိုးကာ

"မယ် သူပျော်သွားတာကို"

ထိုနေ့ညနေစာကိုတော့ ပိုးပိုးသည် ရှန်တတို့အိမ်တွင်သာ အဝဆွဲလိုက်သည်။ မိဘမရှိတာချင်းတူပေမယ့် ရှန်တ၏ဘဝသည် နွေးထွေးလှသည်။သူမအဒေါ်အိမ်မှ ဆင်းလာတာကို ကိုလေးအား‌ေပြာပြတော့ အပြစ်မဆို ရှန်တပြောသလို အဆောင်တစ်ခုငှားပေးပြီး အလုပ်မရခင်အထိ အသုံးစရိတ်များလည်း ပေးထားသေးသည်။

သူမအပေါ်တောင် ဒီလောက်နွေးထွေးပေးတာ သွေးရင်းသားရင်းဖြစ်သည့် ရှန်တအပေါ်ဆိုဘယ်လောက်ကောင်းလိုက်မလဲ။ ရှန်တအား သူမဒီတစ်ခုတော့ အားကျမိသည်။မိဘမေတ္တာပေးမည့်သူမရှိလည်း ကိုလေးကအဖေလိုရောအမေလိုရောအကိုလိုရော သူ့အပေါ်ကောင်းသည်လေ..
ဟူးးသူမဘဝကတော့....

______________

"သမီး ထန်တိုင်းမိုးပြိုက အရမ်းမာနကြီးပြီးအ‌ေခြကြီးတယ်နော် သမီးသာသူ့လိုလူကို အပါဆွယ်နိုင်ရင် ဒယ်ဒီတို့ဘဝတော့ တစ်သက်စာငြိမ်းချမ်းပြီဘဲ "

My Fascinated Man(ongoing)(1 Month ရပ်နား)Where stories live. Discover now