Valentine Gift

1.8K 96 8
                                    

Jimin ! Jiminna !

" အန်တီ Jimin ရော ဟင် "

" မနိုးသေးဘူးသားရယ် သားပဲသွားနှိုးလိုက်တော့ "

" ဟုတ်"

Taehyung တစ်ယောက် လှေကားထစ်တွေအပေါ်အပြေးတက်ကာ Jimin အခန်း တံခါး ဆီသို့ဝင်သွားလိုက်သည်

အဖြူရောင်အိပ်ယာထက်မှာစောင်ထူထူကြီးကိုပတ်ကာခြုံထားပြီးအိပ်ပျော်နေသည်မှာနတ်သားလေး အိပ်နေသလားတောင်ထင်ရသည့် Jimin ကို ကျွန်တော် မိနစ်အနည်းငယ်ကြာအောင် သူ့ဘေးနားထိုင်၌ကြည့်နေမိသေးသည်

" Jimin Jimin ထတော့ Jiminna ထတော့လို့"

" ဘာလည်း Taehyung ရာငါ့ကိုလာမနှောင့်ယှက်နဲ့"

" ထတော့လို့ပြောနေတယ်လေ မင်းမထရင်ငါဖတ်နမ်းမှာနော်"

" Yarr ! Kim Taehyung "

" ဘာလည်း "

" ဘာလို့မနက်အစောကြီးလာနှိုးနေတာလည်း"

" 8 နာရီတောင်ထိုးတော့မှာလေ"

" အဲ့အချိန်ကငါ့အတွက်တော့စောတယ် Taehyung ငါညကဂိမ်းကစားနေလို့မအိပ်ရသေးဘူး မိုးလင်းမှအိပ်တာ"

" မင်းဘာသာဘယ်အချိန်အိပ်အိပ် ငါနဲ့အပြင်လိုက်ခဲ့ "

" ဘာ ! ငါကဘယ်ကိုလိုက်ရမှာလည်း"

" ဒီနေ့ Valentine day လေ"

" အဲ့တော့ငါကဘာလုပ်ပေးရမှာလည်း"

" ငါ ငါကောင်မလေးနဲ့ချိန်းထားလို့ "

" ချီးပဲ မင်းဘာသာကောင်မလေးနဲ့ချိန်းထားတာ ငါကဘာလိုက်လုပ်ရမှာလည်း မင်းဘာသာသွားမလိုက်ဘူး "

" မရဘူး လိုက်ရမယ် အခုငါအသစ်ရထားတဲ့ကောင်မလေးကိုမင်းမမြင်ဖူးသေးဘူးမို့လား"

" ငါမသိချင်ဘူး Taehyung ရာ မင်ကတစ်ယောက်ပြီးတစ်ယောက်တွဲနေတာ ငါလည်းမမှတ်ချင်တော့ဘူး မင်းဘာသာသွားတွေ့ ငါအိပ်တော့မယ်ပြန်တော့"

" မရဘူး မင်းလိုက်ကိုလိုက်ရမယ် မင်းမလိုက်ရင်ငါချီခေါ်သွားမှာ နော်"

* Taehyung ရာ ငါအရင်တုန်းကမင်းပျော်ရွှင်နေရင်ငါပျော်ပေမဲ့ အခုလို ချစ်သူများနေ့မှာ မင်းကမင်းကောင်မလေးနဲ့ သွား date ဖို့ ကိုငါကဘေးကနေကြည့်နေဖို့အထိတော့မပျော်နိုင်ဘူး"

Soulmate Love  ( Collection Of Shot Stories )Where stories live. Discover now