More than a friend ( Part 3 End )

711 57 0
                                    

Jimin

ကျွန်တော်အိမ်ပြန်ရောက်တော့ ည 11: 45 ကားလမ်းရှင်းတာနဲ့တစ်နာရီစော၍ပြန်ရောက်ခဲ့သည်။

မိုးမာန်ကားပေါ်က ဆင်းပြီးသည့်နောက်အိမ်ထဲဝင်ဖို့အလုပ် မိုးမာန်ခေါ်တာကြောင့်ကျွန်တော်လှည့်ကြည့်တော့ ကျွန်တော့်နှဖူးထက်နွေးသွားသည့်ခံစားချက်သည် ကျွန်တော့်အားရင်မခုန်ပဲ နှလုံးသွေးရပ်စေသည်။

" တောင်းပန်ပါတယ် Jimin ကျွန်တော်ကိုသူငယ်ချင်းအဖြစ်တော့ ဆက်ပြီးလက်ခံပေးပါ Jimin မကြားချင်မှန်းသိတဲ့စကားတွေကိုတော့ ကျွန်တော်မပြောပြချင်တော့ဘူး ကျွန်တော့်ခံစားချက်တွေကိုတော့နားလည်မယ်မျှော်လင့်တယ် အဆင်ပြေပါစေ Jimin ပျော်ရွှင်စရာမွေးနေ့မှာ ချစ်ရသူနဲ့ဖြတ်သန်းနိုင်ပါစေ။"

မိုးမာန်

ကျွန်တော် ဖွင့်ပြောခွင့်မရှိပေမဲ့ ကျွန်တော့်ခံစားချက်တွေရပ်ပစ်ဖို့ ကျေနပ်မှုတစ်ခုလေးတော့ရယူသင့်တယ်မို့လား ။ကျွန်တော်ကျေနပ်ပြီ အဲ့ကျေနပ်မှုကိုပိုက်ပြီး သူနဲ့ပတ်သက်တဲ့ ခံစားချက်တွေကို သော့ခတ်ထားတော့မည်။

Jimin

ကျွန်တော်နားလည်တယ်  မိုးမာန်ကျွန်တော့်အပေါ်ထားတဲ့ခံစားချက်တွေကိုကျွန်တော်နားလည်တယ် ကျေးဇူးလည်းတင်တယ်ကျွန်တော့်ဘက်ကိုတွေးပေးခဲ့လို့ ကျွန်တော့်ကိုအခက်မတွေ့စေခဲ့လို့။

" အင်း မင်းလည်းအဆင်ပြေပါစေ "

" ဒါဆိုကျွန်တော်သွားတော့မယ် "

" အင်း "

Jimin

'ရွယ်တူဖြစ်နေတာတောင် ကျွန်တော့်ကိုဆို အမြဲ ကျွန်တော် ကျွန်တော်လို့ရိုသေစွာသုံးနှုန်းတတ်သူရဲ့ခံစားချက်တွေကိုကျွန်တော်မြင်သလို ရူးမတက်ချစ်နေမိတဲ့ကျွန်တော့်အချစ်တွေကိုလည်း Taehyung မြင်နိုင်ရင်သိပ်ကောင်းမှာပဲ'

ကျွန်တော်ပြန်ဝင်လာတော့ အိမ်ထဲမှာ မီးလင်းနေကာ ဧည့်ခန်းမှာထိုင်နေတဲ့ Taehyung ကကျွန်တော့်အားစူးစူးစိုက်စိုက်ကြည့်၏။

" မအိပ်သေးဘူးလား Taehyung "

" တော်တော်ပျော်ခဲ့လား အိပ်မလို့ပါပဲ ဒါပေမဲ့အိပ်မပျော်ဘူးဖြစ်နေတယ် "

Soulmate Love  ( Collection Of Shot Stories )Where stories live. Discover now