နောက်ပြီး ကွာရှင်းပေးမှာပါ ထပ်ပြီး ကျွန်တော့်အနားမှာမဆွဲထားတော့ပါဘူး။ ကွာရှင်းပေးဖို့တွေးထားပေးမဲ့ ကိုကို အခုလို ထုတ်ပြောတော့ ကျွန်တော် သေမတတ်ခံစားရတယ်။ လက်ထပ်ပြီးကတည်းက ကိုကိုဘယ်အချိန် ဒီစကားပြောလာမလည်းဆိုတာ ကျွန်တော်မှာတွေးပြီးကြောက်ခဲ့ရတာပါ။ထိုစကားတွေကတော့ Jimin မကြားနိုင်တဲ့ Taehyung စိတ်ထဲမှစကားများဖြစ်သည်။
" မင်းငါ့ကို လာရွဲ့နေတာလား "
" ခွမ်း "
စားပွဲပေါ်ကပန်းအိုးအားကိုင်ကာနံရံသို့ပစ်လိုက်ပြီး ကားသော့ယူကာ ထွက်သွားခဲ့သည်။
Jimin ထွက်သွားတော့ Taehyung စိတ်တွေလျော့ကာ ငိုချလိုက်သည်။ နာရီကိုကြည့်မိတော့ ၁၂ ကျော်နေပြီဖြစ်သည်။
အစောကြီးပြန်လာသားပဲ။
ကုတင်ပေါ်ကဆင်းကာ စာရေးစားပွဲခုံ၌ တစ်နာရီကြာအောင်ထိုင်ပြီးနောက် ကွဲသွားသောပန်းအိုးများကိုရှင်းလင်းကာ luggage ထဲအဝတ်စားများထည့်ကာ ထိုအိမ်မှထွက်ခွာခဲ့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Jimin မနက်အစောကြီးပြန်ရောက်လာတော့ တံခါးတွေမှာအပြင်ကပိတ်ထားသည့်ပုံစံတွေဖြစ်တာကြောင့် အမြန်ပင် သူ့ဆီကသော့ဖြင့်ဝင်ကာ မိမိအခန်းဆီသို့ပြေးဝင်လာခဲ့သည်။
အခန်းထဲ၌ ညကပစ်ပေါက်ထားခဲ့တဲ့ပန်းအိုးလည်းမရှိသလို သူတွေ့ချင်နေသောသူလည်းမရှိ ။ထို့ကြောင့် Taehyung အခန်းသို့သွားရှာရန်မှာ စားပွဲခုံပေါ်အကြည့်အရောက် ခေါက်ထားတဲ့စရွက်လေးအားတွေ့သဖြင့် သူ့စိတ်တွေမှာ ပူလောင်လို့နေသည်။
စားပွဲခုံ၌ထိုင်ကာ ထိုစာရွက်လေးအားနှေးကွေးစွာ ဖွင့်ဖတ်မိ၏
ကိုကို
ဒီစာရွက်လေးမှာလေးမှာလေ ကိုကို ဝမ်းသာစရာတွေချည်း ရေးထားတာမို့ ဖတ်ဖို့ စိတ်မရှုပ်နဲ့နော်။
ပထမဆုံးဝမ်းသာစရာတစ်ခုက.....
စားပွဲခုံအံဆွဲလေးကိုဖွင့်ကြည့်လိုက် ကွာရှင်းစာချုပ်လေးမှာ ကျွန်တော်လက်မှတ်ထိုးထားပြီးပြီ ။