အမေ ခွင့်မပြုနိုင်ဘူးသား "
" သား အဖြစ်ချင်ဆုံးဆန္ဒ ဆိုရင်တောင် အမေကခွင့်မပြုဘူးပေါ့ သားကစိတ်ချမ်းချမ်းသာသာနဲ့ နေသွားချင်တာ "
ညှိုးငယ်စွာနဲ့ပြောလာတဲ့သားငယ်ကိုကြည့်ပြီး သူမ စိတ်မကောင်းဖြစ်ရသည်။ သားငယ်ပျော်ရွှင်ဖို့ကသာအရေးကြီးတယ်မို့လား။
" အမေ့ကိုပါသားနဲ့အတူလိုက်ခွင့်ပေးမယ်ဆိုရင်တော့ အမေခွင့်ပြုနိုင်တယ်"
" လိုက်ခဲ့လေ အမေ သဘာဝတရားတွေ ကြောင့်အမေလည်း စိတ်ကြည်လင်ရမှာပါ ။"" သားငယ်က ဘယ်ကိုသွားချင်တာလဲ"
" ရှမ်းပြည်ဘက် ဒေါ်လေးတို့ရှိတဲ့ဆီကိုပဲသွားမယ်လေ "" အင်း အမေစီစဉ်လိုက်မယ် "
>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>ကလောမြို့။
တောင်တန်းတွေ၊မြူခိုးတွေနဲ့လှပနေတဲ့ သဘာဝတရားတွေကို ကြည့်ပြီး စိတ်ထဲအေးချမ်းလာတယ်။
တစ်ချိန်တည်းသူသိလိုက်ရတာက လောကမှာအရေးကြီးဆုံးက ငွေမဟုတ်ပဲ အချိန်ဖြစ်နေခဲ့တာ။
ငွေနောက်လိုက်ရင်းအချိန်တွေကုန်ခဲ့တာ၊နောက်ဆုံး သေရတော့မယ့်အချိန် ရောက်ရင်
ကိုယ့်နောက်ကိုယ်ပြုခဲ့သမျှကုသိုလ်နဲ့အားကုသိုလ်သာပါနိုင်မည်။
တစ်နေ့လုပ်၊တစ်နေ့စားသမားတွေကိုတော့သူမပြောလိုပါ။သူတို့အတွက်ကတော့ ငွေကဒုတိယဘုရားသခင်ပဲ။ချမ်းသာတဲ့သူတွေကတော့ လောဘပိုကြီးကြတယ်။ရပြီးရင်းရချင်ကြတယ်။ငွေကလွဲတခြားအရာတွေအကုန်မေ့ထားကြတယ်။ဥပမာ သိပ်လှတဲ့ ဒီလို သဘာဝအလှအပတွေကိုပေါ့။မခံစားကြည့်ရင် နှမြောစရာကြီး။
သူတောင် ဒီသဘာဝအလှအပကိုခံစားဖို့ အချိန်မှီခဲ့လို့တော်သေးတယ်တွေးရင်း ဒေါ်လေးတို့အိမ်ထဲသို့ဝင်ခဲ့လိုက်သည်။အပြင်မှာကအေးလွန်းလို့ ကြာကြာနေရင်အသက်ရှူမဝဖြစ်သည်ကခက်သား။" ကဲ ဒေါ်လေးအိမ်မှာ လွတ်လွတ်လပ်လပ်နေနော် လုပ်ချင်တာလည်းအကုန်လုပ်လို့ရတယ် ဘာမှအားမနာနဲ့ "
" ကျေးဇူးတင်ပါတယ်ဒေါ်လေး "" မလိုပါဘူးတော် လာစေချင်လို့ ခေါ်နေတာအခုမှပဲရောက်လာတော့တယ် ဘာပဲဖြစ်ဖြစ် ပျော်သလိုသာနေနော် "
" ဟုတ်ကဲ့ "