More than a friend (Part 1)

902 61 3
                                    

ဘဝမှာလူတိုင်းကိုယုံလွယ်တတ်တဲ့သူက သူများခြယ်လှယ်တာခံရမယ်၊ သူများလိမ်တာခံရမယ်၊ သူများအနိုင်ကျင့်တာခံရမယ် ။ Park Jimin ဆိုတဲ့သူက လူတိုင်းအပေါ်အားနာတတ်သလို ၊အယုံလွယ်တတ်သည် မို့ Taehyung ဆိုသောသူမှာ Park Jimin အားမည်သိုမျှ စိတ်မချချေ။

သွားအတူ၊လာအတူ တစ်ယောက်အကြောင်းတစ်ယောက် ကာယကံရှင်ထက်ပို၍ပင်သိကြတဲ့ စိတ်တူ ကိုယ်တူ Soulmate အဖြစ်ပေါင်းလာခဲ့တာ 10 နှစ်နီးပါးရောက်လာခဲ့ပြီ။

သူငယ်ချင်းသံယောဉ်ဇဉ် ၊ညီအကိုသံယောဇဉ်တွေထက် ပိုခိုင်မာတဲ့သံယောဇဉ်ထက် တစ်ဦးကိုတစ်ဦးချည်နှောင်ထားသည်။

ဘယ်သူသိမလည်း သံယောဇဉ်ကနေ ချစ်ခြင်းမေတ္တာအဖြစ်ပြောင်းလဲတတ်သည်ကို ဘယ်သူကြိုသိနေမလည်း ကြိုသိခဲ့ရင် တစ်ယောက်အပေါ်တစ်ယောက် သံယောဇဉ်ကြိုးတွေကိုအတတ်နိုင်ဆုံး ဖြတ်ချထားခဲ့မှာပေါ့။

အခန်းကျယ်လေးအတွင်း လေထုဟာအေးစက်လျက် နှစ်ယောက်ထဲရှိသောအခန်းလေးထဲ တိတ်ဆိတ်မှူဟာ ကြောက်ရွံ့ဖွယ်အတိ။

" ထယ်ယောင်း  "

အပြင်သွားရန်ပြင်နေသော ထယ်ယောင်း အား ဂျီမင်းမေးချင်နေသည့်အကြောင်းအားမေးဖို့ မခေါ်ရဲဖြစ်နေလေသည်။ ထိုလူသားဟာ အေးစက်စက် တည်ငြိမ်လွန်းသည်မို့ သူငယ်ချင်းဆိုသော်ငြား တစ်ခါတစ်ခါခေါ်ရမှာကို စိမ်းသက်နေ၏။

" အင်း "

" မင်း  ပန်းချီဆိုတဲ့မိန်းကလေးနဲ့တွဲနေပြီဆို "

" အင်း "

" ဘာလို့ ငါ့ကိုမပြောတာလည်း "

" မင်းက ငါ့ထားတဲ့ရည်းစားတွေလိုက်မှတ်ပြီးဘာလုပ်မလို့တုန်း "

ထယ်ယောင်း က ချောမောတဲ့မျက်နှာနဲ့ပြည့်စုံတဲ့အရည်အချင်းတွေရှိတာကြောင့် ထယ်ယောင်း ကိုဆိုကြိုက်နေသည့် မိန်းကလေးများက ကျောင်းမှာ ဒူးနဲ့ဒေး ။ ထယ်ယောင်း  မှာလည်း အရွယ်ရောက်နေသည့်ယောကျာ်းသားမို့ ထိုမိန်းကလေးများထဲမှ သူသဘောကျတဲ့သူရှိရင် တွဲတတ်သည်။ တွဲလာသည့်တစ်လျှောက် နှစ်လထက်မည်သူမျှမမြဲသည်မှာ အကြောင်းအရင်းမရှိ ထားခဲ့ခံခဲ့ရတဲ့မိန်းကလေးတွေအတွက်ရင်နာဖို့ကောင်းသည်။

Soulmate Love  ( Collection Of Shot Stories )Where stories live. Discover now