More than a friend ( Part 2)

554 61 0
                                    

အတန်းပြီးတာနဲ့ Taehyungဆီ သွားဖို့အတန်းထဲကထွက်လာခဲ့သည်။ထိုစဉ်  မိုးမာန်နဲ့တွေ့ကာ Taehyung နဲ့ပါမိတ်ဆက်ပေးဖို့ခေါ်လာခဲ့သည်။

အတန်းထဲမှာမတွေ့သည့် Taehyung ကိုကန်တင်းလာရှာသည့်အခါ မမျှော်လင့်တဲ့ပုံစံမျိုးဖြင့်တွေ့လိုက်ရတော့ ကျွန်တော့်ခြေလှမ်းတွေ အော်တိုရပ်တန့်ခဲ့သည်။

ကျွန်တော်နဲ့တွဲပြီးသည့်နောက်ပိုင်းမှာ Taehyung ပုံစံဟာသိသိသာသာပြောင်းလဲခဲ့သည်ကိုကျွန်တော်သိတာပေါ့ အခုတော့ ကျွန်တော်မြင်နေရတဲ့ Taehyung ဟာ ကျွန်တော်မမြင်တာကြာပြီဖြစ်တဲ့ အပြုံးတွေကို အမည်မသိကောင်မလေးအား အားရကျေနပ်စွာပြုံးပြနေလေသည်။

ကျွန်တော့်ရဲ့ဝမ်းနည်းစိတ်တွေကို ဘေးကမိုးမာန်သတိပေးမှဝင်လာတော့သည်။ ရောက်နေမှတော့မထူး မိုးမာန်ကိုမိတ်ဆက်ပေးရမည်ဖြစ်ပြီး Taehyung နှစ်ခြိုက်စွာပြုံးပြနေသူဘယ်သူလည်းဆိုတာပါကျွန်တော်သိချင်သည်။

Taehyung တို့ ထိုင်နေသည့်ဝိုင်းဆီ လျှောက်သွားပြီး ခွင့်ပြုချက်မတောင်းပဲဝင်ထိုင်တော့ မိုးမာန်ပါကျွန်တော်နှင့်အတူ လိုက်ဝင်ထိုင်သည် ။ထိုအချိန်ရုတ်ချည်းပြောင်းလဲသွားသောအခြေအနေသည် ကျွန်တော့်နှလုံးသားအားဖန်ကွဲစနဲ့ထိုးသလိုနာကျင်ရသည်။ တခြားသူနဲ့ပျော်နေသည့် Taehyung သည် ကျွန်တော်ကိုတွေ့သည်နှင့်အသက်မဲ့သလို တည်သွားတော့သည် ။

" Taehyung ငါ မင်းကိုမိတ်ဆက်ပေးမို့ သူက မိုးမာန်တဲ့ ငါ့သူငယ်ချင်း မိုးမာန်ဒါ ငါ့ပြောနေကျ ....ငါ့သူငယ်ချင်း Taehyung "

မိုးမာန်

' ကျွန်တော်  Jimin မိတ်ဆက်ပေးသော Taehyung ကို ယဉ်ကျေးစွာ လက်ပေးနှုတ်ဆက်ပေမဲ့ ပြန်မလာသည့်လက်ကြောင့် ကျွန်တော်ရှက်သလိုလို ကြောင်နေမိသည်။ နောက်ပြီး Taehyung ဆိုတဲ့သူ ကျွန်တော့်ကိုကြည့်တဲ့အကြည့်တွေက အေးစက်တည်ငြိမ်တာကြောင့် ဘာများမှားလို့လည်း လို့တောင်တွေးမိသည်။'

Jimin

'ဘယ်လိုမိတ်ဆက်ပေးရမလည်းမသိပေမဲ့ ချစ်ရသူပြောတဲ့စကားတွေကနားထဲ အထပ်ထပ်ကြားလာတာဟာကျွန်တော့်ရင်ကိုပူလောင်စေတယ် သူဟာကျွန်တော့်ရဲ့ သူငယ်ချင်းပါပဲ လို့သာ နာကျင်စွာမိတ်ဆက်ပေးမိသည် ချစ်ရသူကလည်း ထိုသို့မိတ်ဆက်ပေးခြင်းအပေါ် မကြိုက်သည့်ပုံလည်းမပေါ်တာကြောင့် ဝမ်းနည်းရမလား၊ဝမ်းသာရမလားပင်မသိတော့ပါ။'

Soulmate Love  ( Collection Of Shot Stories )Where stories live. Discover now