ခံစားချက်မျိုးစုံနဲ့ ပုံဖော်ထားတဲ့အချစ် ဆိုတာ လူသားတိုင်းပိုင်ဆိုင်လို့ရနိုင်တဲ့ စိတ္တဇနာမ်လေးပေါ့ ။ အစစ်အမှန်ဆိုတဲ့ အရာတွေထဲ အချစ်သာပါဝင်ခဲ့ရင် အချစ်စစ်ဆိုတဲ့ စိတ္တဇနာမ်လေးဟာ လူသားတိုင်းအတွက်မဟုတ်ရင်တောင် အချစ်ကြီးသူတွေအတွက် ရသင့်တဲ့ ဆုလာဘ်လေးပဲ။
ကျွန်တော်ဟာ ယောကျာ်းတစ်ယောက် ကျွန်တော့်စိတ်ပျော်ရွှင်ရာက ယောကျာ်းတစ်ယောက်စီကအခြေတည်ခဲ့တာဆိုရင်ရော ကျွန်တော့်အချစ်တွေမှာ လွဲမှားမှုတွေများရှိနေမလား။
လွဲမှားတဲ့အရာတွေမှာ ကျွန်တော့်ချစ်ခြင်းတွေပါဝင်နေမလား။ ချစ်ခြင်းဆိုတာ ခံစားချက်ကနေစတည်လာတာမို့ လူနှစ်ဦးရဲ့ ခံစားချက်က အချစ်ဖြစ်နေခဲ့ရင် ထိုခံစားချက်တွေသာစစ်မှန်ခဲ့ပါလျှင် အဲ့လူနှစ်ဦးရဲ့ ချစ်ခြင်းမှာဘာတွေအရေးကြီးဆုံးလည်း သေချာပေါက် ချစ်ခြင်းမေတ္တာကနေအခြေခံလာတာမို့ ချစ်ခြင်းတရားဆိုတာကအရေးကြီးဆုံးပေါ့။
ရိုးရှင်းလွန်းတဲ့ကျွန်တော့်ဘဝမှာ ခံစားချက်တွေပေါ်ပေါက်လာတာ Park Jimin ဆိုတဲ့ လူတစ်ယောက်ကြောင့်ပဲ။
မထင်မှတ်တဲ့ ဆုံတွေ့မှုကနေ ကျွန်တော့နှလုံးသားလေးထဲ တစ်သက်စာနေရာယူထားခဲ့သူလေး။
Shopping center တစ်ခုရဲ့ ဓာတ်လှေကားလေးထဲနေ ထွက်လာတဲ့ကောင်လေးနဲ့ ဓာတ်လှေကားထဲ လူအရင်ထွက်တာကိုမစောင့်ပဲဝင်လာတဲ့ ကောင်လေးတို့ကြောင့် တစ်ယောက်နဲ့တစ်ယောက်တိုက်မိကာ ဓာတ်လှေကားထဲကထွက်လာတဲ့ကောင်လေးဟာ ဖုန်းကြည့်ရင်းထွက်လာသူမို့ဖုန်းကိုသာအာရုံရောက်နေသဖြင့် ဝင်တိုက်မိခြင်းမှာအာရုံတစ်ခုကြောင့် မထိန်းလိုက်နိုင်ပဲ ဓာတ်လှေကားရှေ့ ထိုင်လျက်သားလဲကျမိတော့ သည်။
" Sorry ဗျ ရရဲ့လား "
သေချာပေါက်လဲကျသွားတဲ့သူက ကျွန်တော် Kim Taehyung ပါ။
လဲကျသွားတဲ့ ကိုယ့်ပုံစံကြောင့် ရှက်ရှက်နဲ့ခေါင်းငုပ် ထားမိပြီး ပြန်ထဖို့ တွဲကူရန် ကမ်းပေးထားတဲ့လက်တစ်စုံတောင် ကျွန်တော်မမြင်နိုင်ခဲ့။
" ခင်ဗျား ရရဲ့လား "
" ထနိုင်လား "
" ကျွန်တော့်လက်ကိုတွဲလိုက်ပါလား "