Jimin သီချင်းဆိုနေတဲ့တစ်လျှောက်လုံး Taehyung တစ်ယောက်ထဲကိုသာကြည့်နေမိသည်။ အစပိုင်းလောက်သာ Jimin ဆိုသာကိုသေချာနားထောင်ပုံရပေမဲ့ နောက်ပိုင်းတော့ Taehyung ကသူ့ဘေးနားကလင်းလဲ့ဆိုတဲ့မိန်းကလေးနဲ့သာ စကားတွေပြောရင်းရယ်မောနေသည်။
ဒီနေ့ Jimin မွေးနေ့မှန်း Taehyung မသိဘူး။ ဘာလို့ဆို Taehyung က Jimin နဲ့ပတ်သက်ပြီးဘာတစ်ခုမှစိတ်ဝင်စားခြင်းမရှိခဲ့တာမို့။ Jimin စိတ်မဆိုးပါဘူး။ ဘယ်သူကများကိုယ်မချစ်မနှစ်သက်တဲ့လူရဲ့မွေးနေ့ကိုမှတ်ထားမှာလည်း။
မင်းစိတ်မဝင်စားခဲ့တဲ့ငါ့အကြောင်းတွေထက် ငါစိတ်ဝင်စားတဲ့မင်းကို ငါ့မွေးနေ့မှာမင်းအတွက်ရည်ရွယ်ပြီးသီချင်းဆိုပြနိုင်တာနဲ့တင်ကျေနပ်ပါပြီ။
Jimin သီချင်းဆိုပြီးတာနဲ့ စင်အောက်သို့ပြန်ဆင်းလာခဲ့တယ်။ Taehyung ကိုလှမ်းကြည့်တော့ Jimin ကိုနည်းနည်းလေးမှစိတ်မဝင်စားခဲ့ပါ။ တကယ်ပဲသူတို့ကဘယ်လိုအခြေအနေတွေလည်းjimin သေချာသိချင်ပါသည်။
ချစ်တယ်ဆိုလည်း ဂရုစိုက်မှုမဟုတ်တာအလေးထားတာတော့ခံချင်တယ်။
မချစ်ဘူးဆိုလည်းလက်လွှတ်လိုက်တော့မယ်။
ဒီအခြေအနေကြီးကို Jimin လုံးဝမုန်းနေပြီ။သီချင်းဆိုပြီးစင်ပေါ်ကဆင်းလာတဲ့ jimin ဟာတစ်နေရာကိုတည့်တည့်မတ်မတ်လျှောက်သွားသည်။ သူသွားတဲ့နေရာကို Eun woo လိုက်ကြည့်မိနေရင်း မြန်ဆန်လွန်းတဲ့အဖြစ်အပျက်တစ်ခုဟာအချိန်ခဏလေးတင်မှာပဲ မယုံကြည်နိုင်အောင်ဖြစ်သွားခဲ့တယ်။
" ခွပ် !"
" Jimin !"
" မင်းဘာလုပ်လိုက်တာလည်း "
Eun woo ကြည့်နေစဉ်မှာပဲ Jimin က Taehyung တို့ဝိုင်းကိုသွားပြီး Taehyung ကိုနမ်းလိုက်သည်။ ချင်ချင်းကိုတွန်းထုတ်ခံရတဲ့ Jimin မှာ Taehyung လက်ချက်ကြောင့် အောင်သို့ယိုင်ကျခဲ့ရသည်။ပြီးတော့ အနီ ရောင်နှုတ်ခမ်းပါးထောင့်ကနေသွေးတစ်ချို့ထွက်လာသည်။
" သူငါ့ကိုဘာလာလုပ်လည်းမေးကြည့်"
" ငါမြင်တယ် သူမင်းကိုနမ်းတာ အဲ့ဒါကိုမင်းကဘာလို့ Jimin ကိုထိုးရတာလည်း ဟမ် "