11:45 pm
တဖြည်းဖြည်းနှင့်ကုန်ဆုံးလာတဲ့အချိန်တွေဟာ Taehyung ကိုဝမ်းနည်းစေသည်။
ဝမ်းနည်းလာရင် မထိန်းချုပ်နိုင် တဲ့မိမိစိတ်ကို ဒေါသဖြစ်မိတယ် ။ ၁၂ ကိုရွေ့လျားနေတဲ့နာရီလက်တံက Taehyung အားလှောင်နေသလိုခံစားရသည်။ နာရီသံ ကလွဲရင် တိတ်ဆိတ်နေတဲ့ ညအချိန်မှာ တစ်ချက်တစ်ချက် ထွက်ပေါ်လာတဲ့အသံက နာကျင်မှု ၊ဝမ်းနည်းမှုတို့ကို မြိုသိပ်ထားမရတဲ့ ရှိုက်သံ ငယ်လေး။
11: 50
Taehyung မိမိရှေ့က cake မုန့်လေးအား ဖယောင်းတိုင်လေးတွေစိုက်ကာ မီးထွန်းဖို့ မီးခြစ် ခြစ်နေတုန်းမှာပင် အပြင်ကအသံကြောင့် အနည်းငယ် စိတ်လှုပ်ရှားမိ၏
ကိုကိုပြန်လာပြီ။
အိမ်တံခါးကိုသွားဖွင့်လိုက်ချိန်မှာ Jimin ကို လူနှစ်ယောက်ကတွဲထားကာ ကိုကို့ ခေါင်းမှာအောက်ငုပ်ချထားသည်။ သုံးယောက်လုံးယိုင်နေပုံကိုကြည့်လျှင် Jimin တို့သောက်လာသည်ဟု Taehyung ယူဆလိုက်သည်။
" Taehyung ဟို မင်းယောကျာ်းမူးနေလို့ အိမ်ပြန်လိုက်ပို့တာ ကားလည်းခြံထဲထည့်ပေးခဲ့တယ် သိလား သူ့ကိုအခန်းထဲထိထည့်ပေးခဲ့ရမလား "
" ရတယ် အကိုတို့ကျေးဇူးပါကျွန်တော်ပဲတွဲလိုက်ပါ့မယ် "
" ဒါဆိုအကိုတို့ပြန်ပြီနော် "
Taehyung Jimin ခန္ဓာကိုယ်ကို တွဲလိုက်ရင်း တံခါးကိုပြန်ပိတ် လိုက်ကာ သူနဲ့ ခန္ဓာကိုယ်ချင်းမျှနေတဲ့ Jimin အားတွဲကာ အပေါ်ထပ် Jimin အခန်းသို့ တွဲတင်ဖို့အပြင် ဧည့်ခန်းထဲကို ခြေလှမ်းနေတဲ့သူကြောင့် သူပါ အလိုကျ ဧည့်ခန်းထဲ တွဲကာလျှောက်ပေးလိုက်သည်။
" ဒါ မွေးနေ့ကိတ်လား အေ့ "
" ဟုတ်တယ်ကိုကို "
" ကျစ် ! ဘာကိုကိုလည်းမခေါ်နဲ့ ' မောင် ' ဆိုတာမှနားထောင်လို့ကောင်းသေး "
Jimin စကားကြောင့် Taehyung ရဲ့ဝမ်းနည်းစိတ်တွေ ကို ရှိုက်သံပင်မထွက်အောင် အောက်နှုတ်ခမ်းကိုပါ ဖိကိုက်ထားမိတယ်။
" ဟင့် မွေးနေ့ကိတ်ကလည်းသေးသေးလေး ငါဝတ်ရည်ကိုပေးတဲ့ကိတ်ဆိုရင်လည်း အကြီးကြီးပဲ "