"လမ်းခွဲမယ်"
"လာပြန်ပြီ ဘာအရူးစိတ်တွေထထဖောက်နေတာလည်း "
Jm ဘက်ကနေပြောဖို့ခက်ခဲတဲ့စကားတစ်ခွန်းကိုသူတုံ့ပြန်လိုက်တိုင်း အေးအေးဆေးဆေးပဲ
ကိုယ်ကပဲတုန်လှုပ်ခြောက်ခြားနေခဲ့တာ
ကိုယ်ကပဲ သူနဲ့ပတ်သတ်ရင်စကားလေးတစ်ခွန်းကစ ထိလွယ်ခံစားလွယ်ခဲ့တာ သူကတော့..."ငါတကယ်ပြောတာ ငါတို့လမ်းခွဲကြမယ် "
"အဟက် !သေချာလား မင်းဆုံးဖြတ်ချက်နဲ့မင်းနော် နောက်မှလာပြီးငါ့ကိုဇယားပြန်လာမရှုပ်နဲ့
မင်းအရူးထတိုင်းလိုက်ရူးပေးဖို့ မအားဘူး
ဒီတစ်ခါမင်းဆုံးဖြတ်ပြီးရင် ငါနဲ့ပတ်သက်ပြီးအခွင့်အရေးဆိုတာမရှိတော့ဘူးနော် "အဟက်! ဘာအရူးထပြန်တာလည်း နေနိုင်တာလည်းမဟုတ်ပဲနဲ့ ဖင်ယားပြန်ပြီ
ဟုတ်တာပေါ့ ငါအရင်က မင်းကိုအရမ်းအလုပ်ရှုပ်စေခဲ့တာ မပြက်နိုင်ပဲမင်းနားကထွက်ထွက်သွားတာ နောက်ဆုံးမနေနိုင်တဲ့ငါကပဲ မင်းဆီပြန်ခစားရတာပါ Taehyung ဆီကထွက်တဲ့စကားလုံးတွေက Jm ရင်ကို နာကျင်စေတာချည်းပဲ ဆွဲထားမယ်လို့မထင်ထားပါဘူး ဒါပေမဲ့ ချက်ချင်းလမ်းခွဲပေးတာကိုလက်ခံမယ်လို့လည်းမမျှော်လင့်ထားဘူး
ဘာလို့လမ်းခွဲတာလည်းဆိုတဲ့အကြောင်းပြချက်လေးမေးဖို့တောင် ငါကမင်းအတွက် အဲ့လောက်တောင်မေးဖို့ အရေးမပါခဲ့သူလား" မင်းငါ့ကိုချစ်ခဲ့လားဟင် "
" ဟန့် ! အခုမင်းနဲ့ငါလမ်းခွဲလိုက်ပြီဆိုတော့ ပြောဖို့မလိုတော့ဘူးမို့လား "
" ငါတကယ်သိချင်တာမို့ ဒီစကားကိုတော့အလေးနက်ထားပြီးဖြေပေးပါလားကွာ "
Jm တောင်းဆိုတဲ့လေသံနဲ့ပြောလိုက်တဲ့အခါ သူကသနားလို့ထင်ပါရဲ့ ကိုယ့်မျက်လုံးကို သေချာကြည့်ပြီးဖြေလာတယ် သူ့အဖြေက
ကျွန်တော့်ရင်ကို မာကျောတဲ့အရာတစ်ခုနဲ့ထုလိုက်သလိုပဲ အရမ်းနာကျင်ရတယ် သေမတတ်ပဲ
"စိတ်ထဲကိုမရှိခဲ့တာ "
"ဒါဆိုဒီသုံးလလုံးမင်းငါ့အပေါ်နည်းနည်းမှမချစ်ခဲ့ဘူးပေါ့ဟုတ်လား Tae"