"ဘယ်လို လက်ထပ်ပွဲကို နောက်အပတ်ကျင်းပမယ်ဟုတ်လား အမေ ဒါစောတာမဟုတ်တော့ဘူး အမြန်လွန်နေတာ ကျွန်တော်တို့က အကြွေးနဲ့သိမ်းခံလိုက်ရသလိုမျိုးဖြစ်နေပြီ သိလား အမေ "
" အဲ့လို မဟုတ်ပါဘူးသားရယ် "
" ကျစ် ! သူတော်တော်လင်လိုချင်နေတာလား "
" သား ! ဘယ်လိုပြောလိုက်တာလည်း သားတို့လည်းလူချင်းတွေ့ပြီးနေပြီပဲ အမေတို့လူကြီးချင်းလည်းအဆင်ပြေတာမို့ ဒီကိစ္စကိုအမြန်ဆုံးစီစဉ်လိုက်တာ "
" အမေတို့အဆင်ပြေ ပေမဲ့ သားအဆင်မပြေဘူးအမေ "
" Jimin မင်းကို အမေပြောထားခဲ့ပြီးပြီ နော် သားအတွက်လည်း အခွင့်အရေးကိုပေးထားတယ် "
" အဲ့အခွင့်အရေးကိုအခုအသုံးချလို့မရဘူးလား"
" သား ! "
" ကျစ် ! လုပ်ချင်တာတောင် လုပ်တော့ဗျာ "
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မင်းခန့်ကို " ဟာ ဟျောင့် ဒါဆိုမင်းကနောက်အပတ်ဆို အိမ်ထောင်သည်ဖြစ်ပြီပေါ့ "
စိတ်ရှုပ်နေတာနဲ့ပင် Bar တို့ထွက်လာခဲ့ပြီး သကောင့်သားနှစ်ကောင်ပါလှမ်းခေါ်လိုက်သည်။ Bar ရောက်မှ ဝတ်ရည်ပါ ရောက်နေသည်ကိုသလိုက်ရသည် ။ ဝတ်ရည်တို့အား သူကိုယ်တိုင် အရက်စပ်ပေးပြီးတာနဲ့ မင်းခန့်တို့နဲ့သာ လာထိုင်နေလိုက်သည်။
" ကျစ် ! အဲ့ဒါအဲ့ကောင်အကြံညဏ်တွေပဲနေမှာ "
ခန့်မင်း " မင်းသူနဲ့တွေ့ပြီးပြီမို့လား သူက ဘယ်လိုမျိုးလည်း "
" ဘာကိုလည်း "
" မင်းပြောသလိုဆို ကောင်လေးကမင်းကိုတော်တော်ဖြစ်နေတာထင်တယ် ကောင်လေးကသွက်သွက်လပ်လပ်"
" ကုပ်ကမြင်းနေမယ် ငါ့ေရှ့မှာတော့ ခေါင်းကြီးက ငုပ်ထားတာ မြေကြီးထဲတောင်ဝင်နိုင်တယ် အူကြောင်ကြောင်ပုံစံနဲ့ နောက်ကွယ်မှာတော့ ငါနဲ့လက်ထပ်ဖို့ အတင်းကြိုးစားနေတာ"
မင်းခန့် " ကောင်လေးက ချောလား "
" ......"
" ဟျောင့် ဖြေလေ "