မမုန်းဖို့ဘဲတောင်းဆိုပါရစေ ၂

310 35 2
                                    

အမ် "Tae"

Jimin ခြေထောက်တွေညောင်းနေပြီမို့ ငုတ်တုပ်ထိုင်ချကာဒူးကေါ်လက်တင်ပြီးခေါင်းပါငုတ်ထားမိတာမို့ သူ့ရှေ့ရောက်လာတဲ့ Taehyung ကိုမမြင်မိ။ ဝတ်စားထားတဲ့ပုံကြည့်ရသလောက်တစ်နေရာရာသွားတော့မည်ထင်ရဲ့။

" ငါ မင်းဘယ်အထပ်မှာနေမှန်းမသိလို့ မင်းလာတာကိုစောင့်နေတာ"

" ဟမ် ငါကပြန်မဆင်းလာခဲ့ရော မင်းဘယ်လိုလုပ်မလည်း"

" ဘယ်လိုလုပ်ရမှာလည်း မင်းမလာမချင်းစောင့်မှာပဲလေ မင်းဒီညမဆင်းလာရင်တောင် နောက်နေ့တော့ဆင်းလာမှာပဲမို့လား"

Taehyung သူ့ရှေ့ကလူကိုကြည့်ပြီးအမြင်ကပ်လာ၏ အရမ်းကိုသူနဲ့နေချင်နေတာပဲ။ ကိုယ်ကဆင်းမလာရင်တောင် သူက ကိုယ်ဆင်းမလာမချင်းစောင့် မယ်ဆိုလားပဲ။တော်တော်မှ တော်တော်ပဲ။

" Taehyung Tae Taehyung !!"

" ဘာလဲ "

" ဘယ်သွားမို့လည်းဟင် "

" Club "

" အမ် ဒီချိန်ကြီး "

" ဒီအချိန်မသွားလို့ မနက်စောစောစီးစီးသွားရမှာလား"

" ငါပြောတာကအဲ့လိုမဟုတ်ဘူးလေ အခုကခုနှစ်နာရီခွဲနေပြီ မင်းညစာစားပြီးပြီလား "

" မစားရသေးဘူး "

" ဒါဆိုစားပြီးမှသွားပါလား "

" ကျစ်!! ဘာရှိလို့စားရမှာလည်း ဟိုရောက်မှစားမှာ "

" မင်းစားဖို့ဘာမှမရှိဘူးလား ငါတစ်ခုခုလုပ်ပေးမယ်လေ "

" မင်းကဘယ်လိုလုပ်ပေးမှာလည်း မင်းလုပ်ပေးမယ်ဆိုရင်တောင် အိမ်မှာဘာပစ္စည်းမှမရှိဘူး အလကားအချိန်ကုန်တယ် ငါသွားပြီ ၃ထပ်မြောက်ငါ့အခန်းက ဒီမှာအခန်းသော့ ဝရံတာနားမရောက်ခင်အခန်းမင်းနေရမဲ့အခန်းပဲ"

" Tae"

ပြောပြီးလှည့်ထွက်သွားတဲ့သူကို Jimin တားလိုက်မိတယ်။ Jimin ခေါ်လိုက်တော့ ဆိုင်ကယ်ကိုခွပြီးတာနဲ့ပြန်လှည့်ကြည့်လာတယ်။

" ငါလည်းလိုက်ချင်တယ် "

" ကျစ် !! မင်းကနေရာတကာလိုက်ချင်နေတော့တာပဲ "

Soulmate Love  ( Collection Of Shot Stories )Where stories live. Discover now