Part (1) (Unicode & Zawgyi)

14.5K 217 3
                                    

(Unicode)

"သူချည်နှောင်ရစ်ငင်သော ကွန်🍁"

Part (1)
-------------
-------------

🏛At MaHaw Group🏛

"သခင်လေး လာပြီဟေ့!!"

တီးတိုးတီးတိုးစကားပြောသံတွေကိုဖုံးလွှမ်းသွားတဲ့အသံကျယ်ကျယ်တစ်ခုကြောင့် ရုံးခန်းတစ်ခန်းလုံး အပ်ကျသံမကြားလောက်ရသည်အထိ တိတ်ဆိတ်သွားခဲ့လေသည်

"ကျွီ!!!"

ရုံးခန်းတံခါးဖွင့်သံနဲ့အတူ ကြားလိုက်ရသည်က ဖိနပ်သံတစ်ချို့....
သူတို့အားလုံးမတ်တပ်ရပ်ကာ အရိုအသေပေးလိုက်သည်ကို အရီအပြုံးမရှိတည်ကြည်လွန်းတဲ့မျက်နှာထားနဲ့ သူတို့ကိုနည်းနည်းမျှငဲ့မကြည့်ပဲ သူ့ရုံးခန်းထဲကိုသာ ဝင်သွားသည်က မဟော်Groupရဲ့ သခင်လေး 'မဟော်ဒီပါ'

သခင်လေးရဲ့အနောက်ကနေလိုက်သွားကြတဲ့PA နဲ့အတွင်းရေးမှုးလဲမျက်နှာသိပ်မကောင်းကြတဲ့အကြောင်းအရင်းကို သူတို့လဲသိပြီးသားမို့ မကြာခင်ရုံးတွင်မုန်တိုင်းထန်တော့မဲ့အဖြစ်ကို သူတို့တစ်ဖွဲ့လုံးရင်တမမ...။

အသက် ၃၀ရှိပြီဖြစ်တဲ့ သခင်လေးက ၆ပေကျော်သည့်မြင့်မားလွန်းတဲ့အရပ်နဲ့အတူ ဖြူဖွေးလွန်းတဲ့အသားရောင်က တောင့်တင်းသောခန္ဓာကိုယ်ကိုပို၍ကြည့်ကောင်းစေသည်။
ရုတ်တရက်ကြည့်လိုက်လျှင် သခင်လေးရဲ့ပုံစံက အမေရိကန်နိုင်ငံသားပုံစံမျိုး...။
မဟော်Groupရဲ့သခင်ကြီး 'မဟော်ရာဇာ' မရှိတော့တဲ့နောက်ပိုင်းမှာ မဟော်Groupကို သခင်ကြီးရဲ့မြေး သခင်လေး'မဟော်ဒီပါ' က အမွေဆက်ခံခဲ့ခြင်းလဲဖြစ်သည်။

"ငါတော့ဒီနေ့ခေါင်းကျိမ်းတယ်ဟေ့!!"

မန်နေဂျာ မမခင် စကားကြောင့် သူတို့ရုံးပိုင်းရဲ့စိုးရိမ်မှုဒီဂရီကမြင့်သတက်မြင့်လာသည်။

"မမ သခင်လေးကမပြုံးတတ်ဘူးလားဟင်!!"

အသစ်ဝင်လာတာ ၅လလောက်သာရှိသေးတဲ့ ယုယု စကားကြောင့် ယုယုကိုကြည့်ကာ မမခင်မျက်စောင်းထိုးလိုက်သည်။

"ဟုတ်တယ်နော်...သခင်လေးကိုကြည့်ရင် အမြဲတည်တည်ကြီးနဲ့ကြောက်စရာကြီး... သခင်လေးမျက်လုံးတွေကပိုကြောက်ဖို့ကောင်းတယ်...မြွေဟောက်မျက်လုံးလိုပဲ  နီ ကတော့သခင်လေးမျက်လုံးတွေကိုရဲရဲတောင်မကြည့်ရဲဘူး!!"

သူချည်​နှောင်ရစ်ငင်​သောကွန်(Completed)Where stories live. Discover now