"သူချည်နှောင်ရစ်ငင်သော ကွန်🍁"
Part (7)
-------------
-------------ထိုနေ့ကစပြီး
ဒီပါနွယ့်အိမ်ကိုမလာတော့ပါ...
နွယ်သူ့ကိုတွေ့ချင်ပေမဲ့ သူ့အိမ်ကိုသိပေမဲ့ နွယ်ကမိန်းကလေးမို့ သူ့အိမ်ကိုသွားဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်...နွယ်သူ့ကိုသတိရပေမဲ့ သတိရစိတ်တွေကိုကြိတ်မှိတ်မြိုသိပ်ကာ ထိုစိတ်တွေကို နွယ့်လက်ထဲက ပန်းခြင်းတွေဆီကိုသာနှစ်ထားလိုက်သည်.....
ဒေါ်လေးက သိပ်ကျန်းမာရေးမကောင်းတာမို့ နွယ်ပဲ စားဝတ်နေရေးအတွက် ဒေါ်လေးရဲ့ ပန်းခြင်းorder တွေကိုဆက်လက်လုပ်ပေးနေရသည်....
ဒေါ်လေးက တစ်ခါတစ်လေတော့ နွယ့်ကိုပန်းခြင်းလုပ်ပုံ ပန်းရွေးပုံ ပန်းစည်းလုပ်ပုံ ပန်းခွေပုံတွေကို နေမကောင်းတဲ့ကြားထဲက ထပြီးသင်ပေးတတ်သေးသည်....နွယ်ပန်းလုပ်ငန်းနဲ့အကျိုးပေးပုံရသည်
နွယ်ပန်းလုပ်ငန်းကိုစလုပ်ထဲက ဒေါ်လေးထပ်ပိုပြီး orderတတ်လာခဲ့သည်လေ...မြို့ထဲကပန်းခြင်းဆိုင်မှာ နွယ်အလုပ်ဝင်လို့ရပေမဲ့ ဒေါ်လေးကျန်းမာရေးရယ် အိမ်အလုပ်အတွက်ရယ်က အပိုလူမရှိသည်မို့ နွယ်အပြင်ထွက်အလုပ်လုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်...
"တီ!!တီ!!"
မနက်ကရ ထားတဲ့ ပန်းခြင်း orderလုပ်နေတုန်း အိမ်ရှေ့မှာ ကားရပ်သံကြားသည်မို့ နွယ်ထကြည့်မိတော့ လင့်ခရူဆာ ကားအဖြူပေါ်က ဆင်းလာတဲ့'ဒီပါ'
"ဒီပါ...."
ပိန်သွားလိုက်တာ...
မတွေ့ရတဲ့ရက်တချို့မှာ သူတော်တော်ပိန်သွားတာပဲ...■နေများမကောင်းလို့လား....
"ငါ ဗိုက်ဆာတယ် ကွန်!!"
"အော်...အေးအေး...ခနစောင့်နော်...ငါထမင်းဝိုင်းပြင်ပေးမယ်!!"
စတိုင်ပင်အနက်ရောင်လေးကို အပေါ်က အင်္ကျီအနက်ရောင်လက်ရှည်လေးကို သူခေါက်နေကျပုံစံအတိုင်းလက်တစ်ဝက်ထိခေါက်ထားသေးတဲ့ သူ့ပုံစံကတမျိုးလေးပင်...
ဒီပါ့အတွက် နွယ်ရှိတဲ့ဟင်းလေးနဲ့ထမင်းဝိုင်းပြင်ပေးလိုက်ကာ
YOU ARE READING
သူချည်နှောင်ရစ်ငင်သောကွန်(Completed)
Romanceပဲခူးသူကောင်မလေးနဲ့ရှမ်းပြည်နယ်ကလာတဲ့ကောင်လေးတစ်ယောက်ရဲ့သူငယ်ချင်းအချစ်ဇာတ်လမ်းလေးပါ... ဆင်းရဲတဲ့မိဘမဲ့ကောင်မလေး ပိုက်ကွန်နွယ် နဲ့ ချမ်းသာပြီးဘဝင်မြင့်တတ်တဲ့ကောင်လေး မဟော်ဒီပါတို့နှစ်ဦး သူငယ်ချင်းဖြစ်လာရာကနေဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးတစ်...