Part (3) (Unicode & Zawgyi)

4.3K 118 0
                                    


"သူချည်နှောင်ရစ်ငင်သော ကွန်🍁"

Part (3)
-------------
-------------

ဒီနေ့တော့ နွယ်ဘေးကကောင်မလေးနဲ့ရင်းနှီးသွားသည်
နွယ်ကခုံရဲ့အစွန်ဆုံးမှာထိုင်သူမို့ ဘေးကကောင်မလေးနဲ့ရင်းနှီးမိသွားခြင်းသာ..
ကောင်မလေးက အိုးဘိုရွာကနေကျောင်းလာတက်တာဆိုပဲ
နမည်က "ယုမေ"တဲ့...

'ယုမေ'က တကယ်သဘောကောင်းပြီး ကြင်နာတတ်တဲ့ကောင်မလေးပါ...
အသားညိုညိုလေးနဲ့ဆံပင်ကျောတစ်ဝက်လောက်ကို အမြဲစုစည်းထားတဲ့ပုံလေးနဲ့ ယုမေ အင်မတန်ကြည့်ကောင်းသည်...

ဒီနေ့လဲ မနက်ထဲက မယောင်မလည်နဲ့ နွယ့်အနားလာပြီး စကားတွေလာလာပြောနေတဲ့ 'မဟော်ဒီပါ' ဆိုတဲ့အကြင်လူသားကြောင့် နွယ် ဘာလုပ်လို့လုပ်ရမလဲတောင်မသိတော့...

"နင် မနေ့ငါ့လမ်းထဲဘာလာလုပ်တာလဲ?"

"နင့်လမ်းထဲ??"

"ဦးဘိုနီ လမ်းထဲ နင်လာတာလေ...ဘာလဲအတိတ်မေ့သွားတာလား...ပန်းခြင်းကြီးကိုင်ပြီးတော့လေ..."

"အော်...အဲ့လမ်းကကော်ဖီဆိုင်ကိုorderမှာထားတဲ့ပန်းခြင်းလာပို့တာ!!နင်ကအဲ့လမ်းထဲမှာနေတာလား?"

"ဟုတ်တယ်လေ...နင့်ကိုတွေ့လိုက်လို့!!နင်တို့အိမ်ကပန်းခြင်းလုပ်ရောင်းတာလား"

"ဟုတ်တယ်...ဒေါ်လေးက ပန်းခြင်းလုပ်ရောင်းတာလေ...."

"အော်..."

ဆရာမဝင်လာတော့မည်မို့ နွယ်နဲ့သူနဲ့စကားဆက်မပြောဖြစ်တော့..
ဒါပေမဲ့သူက ဒီလောက်နဲ့စကားကြောပြတ်မည်တော့မထင်....

■ဦးဘိုနီလမ်းမှာနေတာဆိုတော့ နွယ်တို့ထက် သူတော်တော်ပိုက်ဆံချမ်းသာမှာပဲ
ဘာလို့လဲဆိုတော့ ဦးဘိုနီလမ်းထဲကအိမ်တွေက ၂ထပ်၃ထပ်တိုက်တွေနဲ့အိမ်ကြီးအိမ်ကောင်းတွေပဲရှိတာမဟုတ်လား...

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

🕛နေ့လည်ထမင်းစားချိန်ရောက်သော်....🕛

"ဂလွမ်!!"

"ဟင်!!"

နွယ့်ခုံပေါ်က နွယ့်ထမင်းချိုင့်ဘေးမှာလာချတဲ့ထမင်းချိုင့်ကြောင့်ကြည့်လိုက်တော့

သူချည်​နှောင်ရစ်ငင်​သောကွန်(Completed)حيث تعيش القصص. اكتشف الآن