Part(13)

3.9K 102 1
                                    

"သူချည်နှောင်ရစ်ငင်သော ကွန်🍁"

Part (13)
--------------
--------------

"ဆင်းတော့!!"

"ဒီပါ နင်ရူးနေလား...ငါလုံးဝမဆင်းဘူး!!"

ကားကို ထိုအိမ်ကြီးအရှေ့မှာထိုးရပ်လိုက်ပြီး နွယ့်ရှိတဲ့ဘက်ခြမ်းကိုလာကာ ကားတံခါးဖွင့်ပေးပြီး နွယ့်အတင်းကားပေါ်ဆင်းခိုင်းနေသူက ဒီပါ...

"နင်ဘာသာဆင်းမလား ငါဆွဲချရမလား!!"

"မဆင်းဘူးဟာ..မဆင်းဘူး!!"

"ကောင်းပြီလေ"

"ဟာ...ဒီပါ ...လွှတ်လို့..လွှတ်..မဟော်ဒီပါ!!ငါစိတ်တိုလာပြီနော်!!"

ကားထဲလူကတိုးဝင်လာပြီးနွယ်ထိုင်နေတဲ့ခုံပေါ်ကနေ အတင်းနွယ့်ကိုချီထုတ်တော့သည်

"တယ်!!ငါကိုင်ပေါက်ပစ်လိုက်ရ"

နွယ့်မှာကြောက်ကြောက်နဲ့သူ့လက်ထဲရုန်းရင်းဆန်ခတ်ဖြစ်ပြီးပါလာရသည်....

■မဖြစ်ဘူး မဖြစ်ဘူး..
နွယ်ပြေးမှရမယ်...
ဒါကသူ့အိမ်ဆိုတော့ သူ့အမေပြီးတော့ သူ့မိန်းမရှိနေမှာပဲ...

နွယ့်ကိုသူဘာသဘောနဲ့ဒီလိုတွေခေါ်လာတာမှန်းမသိပေမဲ့
သူ့စိန်တွေကိုနွယ်ခိုးတယ်ထင်ပြီး ခေါ်လာတာပဲနေမှာ...

■ဟုတ်တယ် နွယ်ပြေးရမယ်!!

နွယ်သူ့လက်ပေါ်ကနေအတင်းရုန်းကန်ရင်းနဲ့ပင်

"နင်ငြိမ်ငြိမ်မနေရင် ငါတကယ်ကိုင်ပေါက်မှာနော်"

■နွယ် ဒီတိုင်းဆို  သူ့လက်ထဲကလွတ်မည်မထင်...
နွယ်ဘာလုပ်သင့်လဲ

သူ နွယ့်ကို သူ့အိမ်ထဲခေါ်လာတော့

"ဟင်!!"

နွယ်ထင်သလို သူ့မိန်းမရော သူ့အမေရော မတွေ့.. သူ့အိမ်ထဲဘယ်သူတစ်ဦးတစ်ယောက်မျှလဲမရှိပါ...

■ဘာလို့ လူမရှိတာလဲ...

သူနွယ့်ကိုဆိုဖာပေါ်ချလိုက်သည်နှင့်
နွယ် ပြေးဖို့အထ...

"ငါ့ခြံထဲက မင်းအပြင်ကိုခြေတစ်လှမ်းထွက်တာနဲ့ ငါမင်းကိုမသေမချင်းကားနဲ့လိုက်တိုက်သတ်ပစ်မယ်!!"

သူချည်​နှောင်ရစ်ငင်​သောကွန်(Completed)Donde viven las historias. Descúbrelo ahora