Part (6) (Unicode & Zawgyi)

3.5K 105 0
                                    

(Unicode)

"သူချည်နှောင်ရစ်ငင်သော ကွန်🍁"

Part (6)
-------------
-------------

ဘေးနားကယုမေရဲ့စကားကြောင့် နွယ့်အပျော်တွေက အပြင်ကိုတောင်လျှံထွက်လာပြီထင်ရဲ့...။

"နင်သတိလစ်တုန်းက ဒီပါ ဆိုတာ ပြာယာခက်နေတာမှပြောမနေနဲ့ ငါတို့တောင် သူ့လောက်မစိုးရိမ်မိဘူး..အဲ့နေ့ကလဲ သူ့တို့အသင်းရှုံးတယ်လေ...ရှုံးမှာပေါ့ သူမှဝင်မကန်တာ!!၁၀တန်းကရော ၉တန်းကရော ကောင်မလေးတွေနင့်ကိုမနာလိုဖြစ်သွားကြတဲ့မျက်နှာကြီးတွေကို နင့်ကိုပြချင်တယ်သိလား!!"

ယုမေကတော့ နွယ်မသိခဲ့တာတွေကိုအားပါးတရ နွယ့်ကိုဖောက်သည်ချတော့တာပေါ့...။
အဲ့နေ့ကနွယ်သတိလစ်ပြီး ၁နာရီလောက်နေမှ ဆေးခန်းမှာသတိပြန်ရခဲ့တယ်လေ...။
■ဆရာဝန်ပြောတာပေါ့ အဖျားတအားတက်ပြီးသတိလစ်ခဲ့တာတဲ့...
နွယ်၂ရက်တောင်ကျောင်းပျက်ခဲ့ရတယ်မဟုတ်လား...

ဒီနေ့လဲအပျော်တစ်ခုကထပ်တိုးသေးတယ်
နွယ်ပေးထားတဲ့ လက်ကိုင်ပုဝါလေးကို ဒီပါ့ရဲ့အင်္ကျီကပ်ထဲမှာတွေ့လိုက်ရသည်။

■အဟိ...
သူကနွယ်ပေးတဲ့လက်ကိုင်ပုဝါလေးကိုတယုတယသိမ်းထားတာပဲ....

"ဟိုလေ...ယုမေ ကောင်လေးနဲ့ကောင်မလေးဖိနပ်ပေးရင် ကွဲတတ်တယ်ဆိုတာဟုတ်လား!!"

"အေး...ငါလဲကြားဖူးတယ်...ဖိနပ်ပေးရင်အဝေးကိုထွက်သွားရတတ်တယ်တဲ့...ပြီးတော့ လက်ကိုင်ပုဝါပေးရင် သူတို့၂ယောက်ရဲ့အချစ်ရေးကငိုရတတ်တယ်ဆိုလားပဲ!!"

"ဟင်!!!"

ယုမေပြောလိုက်တဲ့စကားကြောင့် နွယ်ရင်ထဲအင့်ခနဲတောင်ဖြစ်သွားရသည်။
နွယ်သူ့ကို လက်ကိုင်ပုဝါပေးထားမိတယ်မဟုတ်လား...။
ဘာမှတော့မဖြစ်နိုင်လောက်ပါဘူး။ နွယ်တို့ကသူငယ်ချင်းတွေပဲလေ ချစ်သူတွေမှမဟုတ်တာ...။
လက်ကိုင်ပုဝါလေးတစ်ထည်လောက်ပေးမိယုံနဲ့တော့မငိုရလောက်ပါဘူး....။

နွယ့်စိတ်ထဲဘဝင်မကျဖြစ်သွားပေမဲ့ ကိုယ့်ကိုယ်သာဖြေသိမ့်နေလိုက်မိသည်....။

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

နွယ်တို့ရဲ့လပတ်စာမေးပွဲတွေရဲ့အခြေအနေမှာလဲ
ဒီပါနဲ့သုန်ဝတီခင်က ထိပ်ဆုံးမှာအမြဲပင်...။
နွယ်ကတော့ အဆင့်၂၀ထဲဝင်ဖြစ်သွားပါတယ်
အဆင့်၁၂ရောက်လိုက် ၁၈ရောက်လိုက်နဲ့ 1 to 10တော့မဝင်ပါ...။
နှစ်ဝက်စာမေးပွဲတွေပြီးတော့ ကျေင်းပိတ်ရက်လာတော့မယ်လေ...
ဒီနေ့က နှစ်ဝက်စာမေးပွဲနောက်ဆုံးနေ့...

သူချည်​နှောင်ရစ်ငင်​သောကွန်(Completed)Tempat cerita menjadi hidup. Temukan sekarang