Part(16)

3.9K 103 0
                                    

"သူချည်နှောင်ရစ်ငင်သော ကွန်🍁"

Part (16)
---------------
---------------

"ဟာ!!တောက်"

လက်ထဲက ဖုန်းကိုကိုင်ပေါက်ချလိုက်သည့် ဒီပါကြောင့် နွယ် လန့်တောင်လန့်သွားရသည်

"ငါ အပြင်ခနသွားဦးမယ်!!"

"ဟမ်....ဘယ်သွားမို့လဲ!!"

ဒီနေ့ ရုံးပိတ်ရက်မို့ မနက်စောစော ကော်ဖီတအားပူဆာနေတဲ့သူ့ကို နွယ် ကော်ဖီဖျော်နေပေးချိန် ဝင်လာတဲ့phကိုကိုင်လိုက်ပြီး ဒေါသထွက်နေတဲ့သူ...

■မနက်စောစောကြီး သူဘယ်သွားမို့လဲ!!

"အိမ် ခနသွားမို့....ကော်ဖီမသောက်တော့ဘူး!!"

ပြောလဲပြော ကားသော့ကိုဆွဲယူသွားကာ အပြင်ကိုမြန်မြန်ထွက်သွားတဲ့ ဒီပါ...

နွယ်လဲ သူ့ကိုတအံ့တဩနဲ့ ကြည့်ကာ ဘာမှမပြောနိုင်တော့ပါ...

■■■■■■■■■■■■■■

"ဒါကဘယ်လိုဖြစ်ရတာလဲ ရဂုံ!!လူကြားလို့မှကောင်းရဲ့လားဟမ်!!"

ဧည့်ခန်းထဲမှာ ဒီပါ့အသံကလွဲရင် သူ့မေးခွန်းကိုဖြေဖို့ တစ်ဦးတစ်ယောက်အသံမှမထွက်နိုင်တော့...

ရဂုံကလဲ တရှုံ့ရှုံ့ momနဲ့သော်က ကလဲ မျက်နှာမကောင်းသလို ယောက်ဖကပါ သူ့ကိုရဲရဲမကြည့်ရဲ...
အခုတောင် ပထွေးက လေယာဉ်တက်သွားလို့ အိမ်မှာရှိမနေ...
ပြောမဲ့သာပြောတာ အနေတည်တဲ့သူ့ကိုပထွေး ယောက်ဖ အမ အမေ ညီမအကုန်ကြောက်ရသည်...

သူ့မှာတော့ ငါ့ညီမလေး ဆေးကျောင်းတက် စာတော် လိမ္မာလိုက်တာဆိုပြီး ချီးကျူးရာမှ ညီမဖြစ်သူကယောင်းမမြင်းစီးပြီးထွက်လာလေရဲ့....

"ကောင်လေးက ဘယ်ကလဲ!!"

"ဆေးကျောင်းကပဲသား!!ကောင်လေးကFinalက!!သူတို့ဘက်ကတော့ တာဝန်ယူမယ်လို့ပြောသွားပါတယ်!!"

ဒေါ်ခက်ခက်မြိုင် သားရဲ့ဒေါသကိုသိနေသူမို့ စကားကိုတော့ကာပြောနေရသည်

"တာဝန်ကယူရမှာပေါ့...မယူလို့ရမလား...ဟိုကယူမယ်ပဲပြောသွားတာကိုကျေးဇူးတင်ရဦးမှာ...ပန်းရဂုံမြိုင်!!!"

သူချည်​နှောင်ရစ်ငင်​သောကွန်(Completed)Donde viven las historias. Descúbrelo ahora