"သူချည်နှောင်ရစ်ငင်သော ကွန်🍁"
Part (22)
---------------
---------------"ကွန်!!!"
သူခြေလှမ်းတွေက ဆေးရုံရဲ့ Operationအခန်းဆီကိုပြေးနေမိသည်က ကိုယ့်ခြေလှမ်းတွေကိုတောင်နှေးနေသလိုထင်နေရသည်
သူမြင်လိုက်တော့ Operationအခန်းရှေ့မှာ မတ်တပ်ရပ်ကာစောင့်နေကြသည့် သော်ကနဲ့ ယောက်ဖကိုမိုး
"ခွပ်!!!"
"ဒီပါ!!"
သူ ကိုမိုးကိုဆွဲလှည့်လိုက်ကာ ထိုးချလိုက်သည်က မျက်နှာတည့်တည့်ကိုပင်.....
သော်က လန့်ဖြန့်ကာဒီပါကိုအတင်းဝင်ဆွဲပေမဲ့ ကိုမိုးကတော့ ဒီပါထိုးချက်ကြောင့် ဆေးရုံရဲ့ကြမ်းခင်းကြွေပြားပေါ်ကို ပစ်လဲကျသွားလေတော့သည်"လွှတ်နော်...သော်က နင်ငါ့ကိုအခုလွှတ်!!"
"နင်ဘာဖြစ်နေတာလဲ ဒီပါ...ကိုယ့်ယောက်ဖကိုကိုယ်ထိုးစရာလား!!"
"နင့်လင်ဘာလုပ်လိုက်တာလဲ...ကွန်သာ တစ်ခုခုဖြစ်ရင် နင်ရော နင့်လင်ရောကိုသတ်ပြီး ငါထောင်ထဲဝင်ပစ်မယ် ပန်းသော်ကမြိုင်!!"
သော်က ဒီပါကိုကြည့်ပြီး လက်တွေပါတုန်လာရသည်။
ဒီပါ့မျက်နှာတစ်ခုလုံးနီရဲတွတ်ကာ မျက်လုံးမှာလဲ မျက်ရည်တွေနဲ့ မေးကြောတွေပါထောင်ထွက်လေနေသည်က ဒီပါ ဘာတွေဘယ်လောက်ထိခံစားနေရလဲ သော်ကသိလိုက်ရသည်။"အဲ့ကောင်မ အခုလိုဖြစ်တာ ငါတို့ကြောင့်ဆိုပေမဲ့...သူဗိုက်ကြီးတာ ငါတို့နဲ့မဆိုင်ဘူး ဒီပါ!!သူ့ဘာသာ မိန်းကလေးဖြစ်ပြီး ယွထလာပြီးမှ ဗိုက်ကြီးလာတာကို!!နင့်ကလေးလဲမဟုတ်ပဲ နင်နာမနေနဲ့!! "
"ပြောမိလား!!ဟမ်!! အဲ့ကလေးက ငါ့ကလေးမဟုတ်ဘူးလို့ နင့်ကိုငါပြောမိလား!!"
"ဘာ!!ဒီပါ...နင်..!!နင်!!"
ဒီပါစကားကြောင့် သော်က အံ့ဩသည်ထက်ပို၍အံ့ဩသွားရသည်။
■အဲ့ကလေးက ဒီပါ့ကလေးတဲ့လား
မဖြစ်နိုင်လိုက်တာ!!"ငါ့ကလေးနဲ့ ကွန်နဲ့တစ်ခုခုဖြစ်လို့ကတော့ နင်တို့လင်မယား၂ယောက်စလုံးသေဖို့ပြင်ထား!!"
ESTÁS LEYENDO
သူချည်နှောင်ရစ်ငင်သောကွန်(Completed)
Romanceပဲခူးသူကောင်မလေးနဲ့ရှမ်းပြည်နယ်ကလာတဲ့ကောင်လေးတစ်ယောက်ရဲ့သူငယ်ချင်းအချစ်ဇာတ်လမ်းလေးပါ... ဆင်းရဲတဲ့မိဘမဲ့ကောင်မလေး ပိုက်ကွန်နွယ် နဲ့ ချမ်းသာပြီးဘဝင်မြင့်တတ်တဲ့ကောင်လေး မဟော်ဒီပါတို့နှစ်ဦး သူငယ်ချင်းဖြစ်လာရာကနေဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးတစ်...