Part(10)

3.9K 106 1
                                    

"သူချည်နှောင်ရစ်ငင်သော ကွန်🍁"

Part (10)
---------------
---------------

နွယ်နဲ့ဒီပါ ဟော်နန်းပြန်ရောက်တော့ ၁၀နာရီတောင်ရှိနေပြီ....
ဟော်နန်းမှာ လူတွေအကုန်လုံးမအိပ်ကြသေး
ဘာကြောင့်လဲဆိုတာတော့ နွယ်လဲမသိပါ...

"သားရယ် နောက်ကျလိုက်တာ ဘာလို့အဲ့လောက်နောက်ကျနေရတာလဲ!"

"လမ်းမှာကားပျက်သွားလို့ ပြင်နေတာ!!ကွန် နင်သွားနားတော့လေ နင်လဲပင်ပန်းရောပေါ့!!"

"အွန်း!!အာ့ဆို နွယ်သွားနားပြီနော်အန်တီ!"

နွယ်လဲ အခန်းထဲကိုသာပြန်ဝင်လာမိသည်
နွယ်တစ်ခုတော့ ရိပ်မိသည်
အဲ့ဒါကဟော်နန်းကလူတွေမျက်နှာကတစ်ခုခုကိုအလိုမကျဖြစ်နေတဲ့ပုံစံမျိုး...

■ထားပါလေ...
နွယ့်ကိစ္စမှမဟုတ်တာ...
မနက်ဖြန် ခန်းမအတွက် ပန်းတွေကသေသေချာချာပြန်စစ်ဖိုလို့တာမို့ဒီည နွယ်စောစောလေးအနားယူရမည်လေ....

■နင်တကယ်လက်ထပ်တော့မှာပဲ...
ငါပဲ ခံနိုင်ရည်ရှိဖို့ ကြိုးစားလို့မရသေးတာ....

■■■■■■■■■■■■■

"အဖိုးပြောချင်တာက..."

"အဲ့မိန်းကလေး ပုံစံကိုအဖိုးသဘောမကျဘူး!!သမီးသုန်လဲသဘောမကျဘူး!!"

"ကွန်က ဆင်းရဲတာကလွဲရင် အရာရာမှာသဘောထားပြည့်ဝတဲ့ မိန်းကလေးတစ်ယောက်ပါအဖိုး!!ပြီးတော့ ကွန်နဲ့ကျွန်တော် က၉တန်းထဲကသူငယ်ချင်းတွေပါ...သူ့အကြောင်းကို အားလုံးထက်ကျွန်တော်ပိုသိပါတယ် အဖိုး!!"

"ပိုက်ဆံမရှိ ပညာမတက် မိန်းကလေးတစ်ယောက်နဲ့ အပေါင်းအသင်းလုပ်ထားထဲကိုက မဟုတ်တာ...မင်းကတနေ့ကျရင် မဟော်groupရဲ့အုပ်ချုပ်သူဖြစ်လာမှာ..မင်းမှာ မင်းရဲ့အာဏာအတွက်မင်းရဲ့စီးပွားရေးအတွက် ကျောထောက်နောက်ခံကောင်းကောင်းပေးနိုင်တဲ့ လူမျိုးကပဲမင်းအနားရှိသင့်တယ်!!ဘာမဟုတ်တဲ့လူတွေနဲ့မင်းအချိန်တွေကိုမဖြုန်းသင့်ဘူး!!"

"ဒါပေမဲ့!!"

"သမီးသုန်နဲ့လက်ထပ်ပြီးသွားရင် အဲ့မိန်းကလေးနဲ့ကင်းကင်းရှင်းရှင်းနေ!!ငါပြဿနာတွေမကြားချင်ဘူး မဟော်ဒီပါ!!"

သူချည်​နှောင်ရစ်ငင်​သောကွန်(Completed)Tempat cerita menjadi hidup. Temukan sekarang