Part (4) (Unicode & Zawgyi)

3.7K 104 0
                                    

(Unicode)

"သူချည်နှောင်ရစ်ငင်သော ကွန်🍁"

Part (4)
-------------
-------------

"ဒီပါ!!နေ့လည်ကကျောင်းကိုလာတဲ့ဦးလေးကြီးက နင့်အဖေလား!!"

"No!!No!!No!!ငါ့ကိုထိန်းတဲ့သူ.. ဘယ်လိုပြောရမလဲ..ငါ့အိမ်ရဲ့အိမ်တော်ထိန်း!!"

"အော်...နင့်မိဘတွေဘာလို့မလာတာလဲ?"

"ငါ့daddyကဆုံးသွားပြီ!!momကသူ့ယောက်ျားနဲ့သူနေတယ်လေ...ငါ့အဖိုးကလဲ ရုံးချုပ်မှာဆိုတော့ ငါကအမြဲတမ်းအိမ်တော်ထိန်းတွေအိမ်အကူတွေနဲ့ပဲနေတာ!!"

"ဟုတ်လား!!"

"အွန်း!!"

၂ယောက်လုံးစက်ဘီးအတူတူစီးလာရင်း စကားတွေကရောက်တက်ရာရာပြောဖြစ်ကြသည်။

■သူပြောပြတာတွေကိုနွယ်နားထောင်မိတော့ သူကပိုက်ဆံသာချမ်းသာပြီး မိဘရဲ့နွေးထွေးမှုကိုလုံးဝမရရှိခဲ့တဲ့လူတစ်ယောက်...။
သနားစရာကောင်လေးတစ်ယောက်ပင်...။
နွယ်ကမိဘမဲ့ဆိုပေမဲ့ ဦးလေးနဲ့ဒေါ်လေးအချစ်ကိုအပြည့်အဝရခဲ့ပေမဲ့ သူကတော့ အစေခံတွေနဲ့သာ ဘဝကိုဖြတ်သန်းခဲ့ရသူတစ်ယောက်သာ...။

"နင်၈တန်းတုန်းကမှကျောင်းပြောင်းလာတာဆို!!"

"ဟုတ်တယ်!!ရှမ်းပြည်ကနေပြောင်းလာတာ!!"

"နင်ပိုက်ဆံရှိတာပဲ!!ရန်ကုန်မှာဖြစ်ဖြစ် ကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်ဖြစ်တက်သင့်တာပေါ့!!ဘာလို့ပဲခူးရောက်လာတာလဲ!!"

"မသိဘူးလေ..အဖိုးထားတဲ့မြို့ ငါက နေလိုက်တာပဲ!! ကိုယ်ပိုင်အထက်တန်းကျောင်းမတက်တာလဲကောင်းပါတယ်...အနည်းဆုံးတော့နင့်လိုအူကြောင်ဂေါက် သူငယ်ချင်း၁ယောက်ကိုငါရတာပေါ့"

"ဟာ...နင်နော်"

နွယ်ဆူပုတ်ပုတ်နဲ့သူ့ကိုမျက်စောင်းထိုးပေးလိုက်သည်

■ဘာတဲ့...
လူကိုများအူကြောင်ဂေါက်လေး ဘာလေးနဲ့။

"နင့်အိမ်ရောက်ခါနီပြီးလား!"

"အွန်း!!ဟိုအရှေ့က အိမ်က ငါ့အိမ်!!"

ကွန်ပြတဲ့အိမ်ကိုကြည့်မိတော့ ဝါးခြမ်းသေးသေးလေးတွေနဲ့ခြံစည်းရိုးခတ်ထားတဲ့ တစ်ထပ်တည်းရှိတဲ့ပြင်ထောင်အိမ်သေးသေးလေးဖြစ်သည်။

သူချည်​နှောင်ရစ်ငင်​သောကွန်(Completed)Tempat cerita menjadi hidup. Temukan sekarang