Part (5) (Unicode & Zawgyi)

3.6K 108 0
                                    

(Unicode)

"သူချည်နှောင်ရစ်ငင်သော ကွန်🍁"

Part (5)
-------------
-------------

ဒီနေ့က ဒီပါ့မွေးနေ့မို့လို့ ခုံအောက်မှာထည့်ထားတဲ့ အိတ်လေးကိုကြည့်ပြီးနွယ်ပြုံးလိုက်မိသည်
လွန်ခဲ့တဲ့၂လလောက်ထဲက ရတဲ့မုန့်ဖိုးလေးစုထားတာ...။
မနေ့ကမှ Fanncy Houseကနေသွားဝယ်လာတဲ့ လက်ဆောင်လေး....။

■ပထမဆုံးသူ့ကိုပေးမဲ့လက်ဆောင်မို့ရင်ခုန်သလိုလို ဘာလိုလို...

သူမ အရှေ့မှာထမင်းငုံ့စားနေတဲ့ဒီပါကတော့ သူမ အဖြစ်ကိုသိမည်မထင်။

"Happy Birthday ဒီပါ မွေးနေ့မှာပျော်ရွှင်ပါစေ"

ထမင်းငုံ့စားနေရင်း ကွန့်ဆီကကြားလိုက်ရတဲ့အသံကြောင့်သူမော့ကြည့်လိုက်တော့ လက်ထဲမှာအိတ်လေးတစ်လုံးကိုင်ကာ သူ့ကိုပြုံးပြနေတဲ့ 'ကွန်'

"ဟာ..ဘာလဲ!!!"

"လက်ဆောင်လေ...နင့်မွေးနေ့အတွက်...အဟဲ..ငါဝယ်ပေးထားတာ..ကြည့်ကြည့်ဦး"

"မိန်းကလေးဖြစ်ပြီး ရုပ်ကိုက ပြောင်ချော်ချော်နဲ့..."

နွယ့်ကိုသာ မချေမငံပြောနေပေမဲ့ ဒီပါပြုံးလိုက်တာတော့ သေချာသည်။

■အဟက်!!
ပျော်နေရဲ့သားနဲ့..စကားအကောင်းမပြောဘူး...။

ကွန် ပေးတဲ့လက်ဆောင်ကို သူ ဖွင့်ကြည့်လိုက်တော့ စားပွဲတင်နာရီနံသာရောင်ဖျော့ဖျော့လေး
အသဲပုံနာရီဒိုင်ခွက်လေးမှာ အတောင်ပံလေးတွေတောင်ပါသေး..။

"နာရီကလဲ မိန်းမဆန်လိုက်တာ"

"နင်ကလဲ...ငါလဲအဆင်ပြေတာဝယ်လာတာလေ...နင်ပတ်ထားမှာမှမဟုတ်တာ နင့်စာရေးစားပွဲပေါ်တင်ထားရမဲ့ဟာပဲကို...ဂျေးများနေလိုက်တာ"

"ထားပါ..ရှိစေတော့.."

■မဆိုးပါဘူး
နာရီလေးကချစ်တော့ချစ်ဖို့ကောင်းသား...

"ငါနင့်ကိုနာရီပေးတာကလေ...နင်နဲ့ငါနဲ့အချိန်တိုင်းအတွက် အမြဲတမ်း အချစ်ဆုံးသူငယ်ချင်းတွေ လုပ်ကြမယ်ဆိုတဲ့အဓိပ္ပါယ်ပဲ သိလားဒီပါ!!"

"အဟက်!!အူကြောင်ဂေါက်ဆိုတဲ့အတိုင်း အတွေးအခေါ်တွေကအစ ပေါတောတောနဲ့..."

သူချည်​နှောင်ရစ်ငင်​သောကွန်(Completed)Donde viven las historias. Descúbrelo ahora