Part(14)

3.9K 104 0
                                    

"သူချည်နှောင်ရစ်ငင်သော ကွန်🍁"

Part (14)
---------------
---------------

နောက်ဆုံးတော့ နွယ်သူ့အိမ်မှာပဲနေဖို့ဆုံးဖြတ်လိုက်ရသည်...
မနေလို့လဲမရဘူးလေ...
သူပြောတဲ့စကားတွေက နွယ်မနေရင် နွယ့်ကိုသတ်မှာလေ...
သူကတော့ အပေါ်ထပ်မှာနေပြီး နွယ့်ကိုတော့အောက်ထပ်ပေးနေသည်...
အောက်ထပ်ကအခန်းတွေထဲမှာ နွယ်ကြိုက်တဲ့အခန်းမှာနေဆိုပဲ...

■ရပါပြီ ဒီလောက်ဆိုလဲ နွယ့်အတွက် နေစရာက လုံလောက်ပါတယ်.....

အခုတော့နွယ်ကမနက်စောစောထပြီး သူ့အတွက်ချက်ပြုတ်ရတော့သည်...
တော်သေးတယ် မနွေကသူဝယ်လာတာတွေကျန်သေးလို့ ချက်လို့ရတာ....
ထမင်းတွေဟင်းတွေချက်ပြီးတော့ ဘုရားဆွမ်းတော်တင်ဖို့ စီစဉ်ရတော့သည်...
သူ ညထဲကပြောသွားတယ်လေ ဘုရားခန်းကအပေါ်ထပ်မှာတဲ့...

နွယ် ဘုရားဆွမ်းတော်ဗန်းလေးကိုင်ပြီး အပေါ်ထပ်တက်ကာ ဘုရားခန်းလိုက်ရှာတော့....

■woww...
အပေါ်ထပ်ကတော်တော်လေးသားနားသည်
အခန်းတွေလဲအများကြီး ...တကယ်ပါ သူဆောက်ထားတာ အိမ်လားနန်းတော်လား တကယ်မသဲကွဲဘူး...
တစ်ယောက်ထဲနေပြီး အိမ်ကြီးကတအားကြီးနေသလိုပဲ...

အခန်းတွေကိုကျော်လာတော့ လသာဆောင်ကိုနွယ်တွေ့လိုက်ရသည်...
သေချာတယ် လသာဆောင်မရောက်ခင်ဘေးက အခန်းက ဘုရားခန်းဆိုတော့...
နွယ်ထိုအခန်းကိုဖွင့်လိုက်စဉ်...

■ဘုရားခန်းကြီးကလဲ အကျယ်ကြီးပဲ....
ပြီးတော့ သူ ကိုးကွယ်ထားတဲ့ကျောက်ဆင်းတုကလဲတော်တော်လေးကြီးသည်...
'အိမ်တွေမှာကျောက်ဆင်းတုမကိုးကွယ်ကောင်းဘူး' ဆိုတဲ့တချို့အယူအဆတွေရှိပေမဲ့
သူကတော့ကျောက်ဆင်းတု ကိုးကွယ်ထားသည်...

■သန့်ပြန့်လွန်းတဲ့ အိမ်ကြောင့် သူနဲ့အိမ်တော်ထိန်းပဲဒီအိမ်မှာယောက်ျားလေး၂ယောက်ထဲနေတာ ဘယ်လိုမှမဖြစ်နိုင်...

■ထားပါ..သူပြောလာမှာပေါ့...

နွယ်လဲ အတွေးတွေကိုရပ်ကာဘုရားဆွမ်းတော်တင် ဘုရားရှိခိုးနေလိုက်သည်

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဘုရားရှိခိုးပြီး နွယ်ပြန်အထွက်

သူချည်​နှောင်ရစ်ငင်​သောကွန်(Completed)Tempat cerita menjadi hidup. Temukan sekarang