"သူချည်နှောင်ရစ်ငင်သော ကွန်🍁"
Part (11)
---------------
--------------->>> VENUS <<<
"မမ!!"
"အော်...မောင်လေး လာလေ...ဘာလေးများလိုချင်လို့လဲ!!"
"ကျွန်တော် ပန်းစည်းလေးတွေOrderမှာချင်လို့ပါ!!"
"အွန်း...ဘယ်လိုပုံစံလေးလိုချင်လဲ...!!"
"ကျွန်တော့်သူဠေးက လူနာသတင်းမေးဖို့ပါ ၂၈စည်းလောက်လိုချင်ပါတယ်မမ!!"
"၂၈စီးဆိုတော့...ပန်းအစိုလား ပန်းခြောက်လား...ဘယ်တန်းထဲလောက်ကယူမလဲ!!"
"၅၀၀၀၀တန်ထဲကပါ ...ပန်းကတော့ မမ အဆင်ပြေသလိုပဲစီစဉ်လိုက်ပေးပါ!!"
"ကောင်းပါပြီကွယ်!!ဘယ်နေ့လောက်ယူမလဲ!!"
"မနက်ဖြန် မနက်၁၀နာရီလောက်လိုချင်လို့ပါ မမ!ရတယ်မှတ်လား!!"
"ရပါတယ်မောင်လေး...စျေးကတော့စရံပဲပေးသွားပေါ့!!"
"ကျွန်တော်အကုန်လုံးပေးခဲ့ပါ့မယ်!!"
"အာ့ဆို ခနစောင့် မမတွက်ပေးမယ်နော်!!"
ဇွဲ သူ့အရှေ့က ယဉ်စစနဲ့ မြန်မာဆန်ဆန်လေးလှနေတဲ့ မမကိုကြည့်ကို ပြုံးလိုက်မိသည်
သူအရင်တစ်ခါက သူငယ်ချင်းအမေအတွက် ဒီVenus မှာပန်းစည်းလာဝယ်ရင်း ဆိုင်ရှင်ဖြစ်တဲ့ မမကိုတွေ့ခဲ့ရခြင်းပင်...
မမအသက်က၃၁နှစ်ကျော်ပြီဆိုပဲ...
သူကအခုမှ၂၈သာရှိသေးသည်...
မမကတော်တော်လှသည်...လှသည်ဆိုတာထက် အေးချမ်းတဲ့အလှပိုင်ရှင်မို့ သူ မရှက်တမ်းဝန်ခံရရင် သူ မမကိုသဘောကျမိသည်မမကလူကလဲလှသလို နမည်ကလဲ ဆန်းသေးသည်
'ပိုက်ကွန်နွယ်'တဲ့...
■■■■■■■■■■■■■
နွယ် ထိုကောင်လေးကို ပိုက်ဆံတွက်ပေးပြီးသည်နှင့်orderအတွက်စီစဉ်ရတော့သည်...
"သူဇာရေ ထမင်းစားပြီးရင် မမ ကိုကူညီပါဦး!!"
"ဟုတ်ကဲ့ မမ!!သမီးပြီးတော့မယ်!!"
နွယ် ဒီ'Venus'ဆိုတဲ့ ဆိုင်လေးကိုပဲခူးပြန်ရောက်ပြီး ၁လအကြာမှာ အန်တီမှုံဆီကချေးငွေယူပြီး ဖွင့်ခဲ့ခြင်းပါ...
နွယ်ကဒါပဲလုပ်တတ်တာလေ...
မအူပင်မှာတုန်းကလဲ ဒေါ်လေးအမျိုးတွေရဲ့အကူအညီနဲ့ပန်းဆိုင်ဖွင့်ခဲ့သေးသည်...
ဒေါ်လေးဆုံးတော့ နွယ်မအူပင်မှာ ဆက်မနေတော့...
မနေဘူးဆိုတာထက် မနေချင်တာပါ...
VOCÊ ESTÁ LENDO
သူချည်နှောင်ရစ်ငင်သောကွန်(Completed)
Romanceပဲခူးသူကောင်မလေးနဲ့ရှမ်းပြည်နယ်ကလာတဲ့ကောင်လေးတစ်ယောက်ရဲ့သူငယ်ချင်းအချစ်ဇာတ်လမ်းလေးပါ... ဆင်းရဲတဲ့မိဘမဲ့ကောင်မလေး ပိုက်ကွန်နွယ် နဲ့ ချမ်းသာပြီးဘဝင်မြင့်တတ်တဲ့ကောင်လေး မဟော်ဒီပါတို့နှစ်ဦး သူငယ်ချင်းဖြစ်လာရာကနေဖြစ်ပေါ်လာတဲ့ ဇာတ်လမ်းလေးတစ်...