Unicode
"အဟမ်း"
ချောင်းဟန့်သံ၏နောက်၌ လေပြေဝဲသံတစ်ချက်တောင်ပါမလာ။ ထိုမြို့အုပ်၏ အရှိန်အဝါလားဟုပင်မှတ်ရသည်အထိ...။
"ကျုပ်နာမည် ရှောင်းကျန့်! လောလောဆယ်မှာ မိုဟဲကို ကျုပ်အုပ်ချုပ်ထားရပါလိမ့်မယ် ။ ဘယ်ကာလအထိ ကြာမြင့်မယ် မပြောတတ်သေးတာမို့ အားလုံးနဲ့အဆင်ပြေဖို့ မျှော်လင့်ပါတယ်"
မြို့အုပ်စကားအဆုံးတွင် အဘမှ ထောက်ခံသည့်ဘက်မှအလား စကားကိုတစ်ဖန်ပြန်လည်စတင်လိုက်သည်။
"ဟုတ်ကဲ့ပါ ၊ အဘတို့မြို့ကလည်း မြို့အုပ်ရှောင်းကျန့်ကို နွေးထွေးစွာ ကြိုဆိုပါတယ် ။ မိုဟဲက မြို့အုပ်လက်ထဲမှာမို့ စောင့်ရှောက်ပေးပါအုံး"
"ဒါတော့ အားလုံးမပူကြပါနဲ့ ကျုပ်စိတ်ချမ်းသာနေသ၍ မိုဟဲရော ဒီကလူတွေပါ စိတ်ချမ်းသာရမှာပါ"
မြို့အုပ်၏စကားကြောင့် အားလုံးအတွေးရှည်ရပြန်သည်။သူစိတ်ချမ်းသာမှဆိုတဲ့စကားကို မနှစ်ခြိုက်။ အနည်းဆုံးတော့ စကားလုံး လှလှလေးသုံးသင့်တာမဟုတ်လား...။
"ဒါလောက်ပါပဲ.. အားလုံးပြန်လို့ရပါပြီ။ ၈ နာရီအမှီ ကျုပ်ဆီလူလွှတ်ပေးပါ"
ပွင့်လင်းပြတ်သားလွန်းတဲ့ ဒီစကားကြောင့် အကုန်လုံး အနေရခက်သည်။ ဒါ သေချာပေါက် သူ့ဆီပျော်တော်ဆက်မယ့်သူ့ကို လွှတ်ခိုင်းနေတာပဲ။
မတိုးတက်သေးတဲ့မြို့ငယ်ဖြစ်တဲ့အပြင် တော်လှန်ရဲတဲ့သူလည်း မရှိတာကြောင့် မြို့အုပ်ပြောသမျှကို ခေါင်းငြိမ့်နားထောင်ပြီးသာ ပြန်လာခဲ့ကြရတော့သည်။
"မင်းသေချာရဲ့လား ရိပေါ်"
"ကျွန်တော် သေချာပါတယ် အဘ၊ ပြီးတော့စိတ်ချပါ "
၈ နာရီမထိုးခင်အမှီပြင်ဆင်ရမှာမို့ ရိပေါ် စကားဆက်မပြောတော့ဘဲ ထွက်လာခဲ့သည်။
မြို့ထဲက အမျိုးသမီးလေးများဝတ်သလို မဝတ်နိုင်တဲ့အတွက် ဂျိုင်းပြတ်အကျီလေးဝတ်ဆင်ကာ အပေါ်မှ ပုဝါအပါးစတစ်ခုခြုံလိုက်သည်။ ချောင်ကျနေတဲ့ ဂျိုင်းပြတ်အကျီလေးကို အနောက်မှနိုင်လွန်ကြိုးဖြင့် ဆွဲ၍ချည်လိုက်ရသေး။ လက်နှင့် ဦးခေါင်းတွင် တွဲလျားကျနေသော တန်ဆာအချို့ကို ဆင်ယင်ပြီး အဝတ်လဲခန်းထဲမှထွက်လာလိုက်တယ်။
YOU ARE READING
မြို့အုပ်ရှောင်း [ Mayor Xiao ]
Random"ရှောင်း! ကျွန်တော့်ရဲ့ရှောင်း..." "ပြောပါ ကျုပ်ရဲ့အသည်းအသက်ရေ ကျုပ်နားထောင်နေပါတယ်"