Unicode
"ဟင့်အင်း ခွင့်မပြုဘူး!! ပြီးတော့ ရှောင်းကတအားမူးနေတာ"
"မူးနေပေမယ့် ကျုပ်ဒီအရာကိုတော့ ကောင်းကောင်းစွမ်းဆောင်နိုင်ပါတယ်"
"ဟာ...မရဘူး ကျွန်တော်အဆင်သင့်မဖြစ်သေးဘူးပြောတယ်လေ "
"ကျုပ်လေ....ကျုပ် အသည်းအသက်ကို စိတ်မချတော့ဘူး ။ ကျုပ်တို့ကြားအနှောက်တွေဝင်လာပြီ"
မြို့အုပ်ပြောသည်ကို ရိပေါ်တော့သေချာနားမလည်ပါ။ ဘယ်လိုအနှောက်မျိုးဝင်လာလို့ စိတ်မချနိုင်ဖြစ်ရပါသလဲ။
"ဘယ်လို့စိတ်မချရတာလဲ။ ကျွန်တော်က ရှောင်းအပိုင်ပဲလေ.."
"ကျုပ်အပိုင်ဖြစ်နေလျက်ကို သူများလုယူသွားမှာကြောက်တယ်"
ကြောက်တယ်။ကြောက်တယ်တဲ့... မြို့အုပ်လိုလူလည်း အချစ်နဲ့တွေ့လျှင်ကြောက်တတ်ပါသေးသည်။
"မဖြစ်နိုင်တာ... ရှောင်းအပိုင်ကိုဘယ်သူကလုယူရဲမှာလဲ"
"မနက်က ဗိုလ်ချုပ်နဲ့စကားများကြသေးတယ်မှတ်လား"
"ဟုတ်။ အဲ့ဒါရှောင်းရဲ့အကြီးအကဲလား... ကျွန်တော့်ကိုဘာမှတ်နေလဲမသိဘူး။ လာပြီးအော်ဟစ်နေတာများ.."
"အင်း... အဲ့တော့ဘာဆက်ဖြစ်သွားလဲ"
"ဘယ်ရမလဲ ရိပေါ်တဲ့။ ကျွန်တော်တံတွေးနဲ့ထွေးပစ်ခဲ့တယ်!"
ဗိုလ်ချုပ်ကို အနိုင်ယူခဲ့ပုံအား အားပါးတရ ပြောနေတဲ့အသည်းအသက်ကို မြို့အုပ် မဆုံးမချင်တော့ပါ။ သူ့ကို ဒါမျိုးလုပ်လို့ သတ်ပစ်ဖို့ခိုင်းတာကို ပြန်ပြောပြလျှင် အသည်းအသက်နှုတ်ခမ်းထက်ကအပြုံးတွေပျောက်ပြီး မလိုအပ်ပါဘဲ စိတ်ကလေးညှိုးသွားအုံးမယ်။ လုပ်ချင်တာ လုပ်ပါစေ... မြို့အုပ်ကတော့ အသက်နဲ့ရင်းပြီးကာကွယ်ပေးသွားမှာ။ မပြောခဲ့ဘူးလား... အသည်းအသက်ထက်အရေးကြီးတာ ဘားမှမရှိဘူးလို့။
"အသည်းအသက်က တော်တာပေါ့"
"မြို့အုပ်ရဲ့ ဆိုင်သူပဲ ဒီလောက်တော့ရှိရမှာပေါ့"
"ကျုပ်ကိုချစ်လား"
"ချစ်််တယ် အများကြီး"
YOU ARE READING
မြို့အုပ်ရှောင်း [ Mayor Xiao ]
Random"ရှောင်း! ကျွန်တော့်ရဲ့ရှောင်း..." "ပြောပါ ကျုပ်ရဲ့အသည်းအသက်ရေ ကျုပ်နားထောင်နေပါတယ်"