Unicode
"မြို့အုပ်ရှောင်းရေ..."
အဘ မြို့အုပ်ရှိရာခြံဝန်းအတွင်းသို့ဝင်လာပြီး မြို့အုပ်ကိုအိမ်ရှေ့မှအော်ခေါ်တော့သည်။
"အော်..အဘ ၊ ဘာကိစ္စရှိလို့လဲ"
"အဘ ပြောစရာလေးနည်းနည်းရှိလို့ပါ"
"အင်း ထိုင်ပြောကြတာပေါ့"
၂ယောက်သား အိမ်ရှေ့က ခုံတွင်ထိုင်လိုက်ပြီး စကားစကြသည်။
"မြို့အုပ်.... အခုပြောမယ့်ကိစ္စအတွက် အဘကြိုပြီးတောင်းပန်ပါတယ်။ မပြောရင်လည်းမဖြစ်တာမို့ပါ"
"ကျုပ်ကို လိုရင်းသာပြောပေးပါ"
"ဒီမှာ မြို့အုပ်နဲ့ရိပေါ်အတွက် ဇာတာဖတ်လာတာ"
ဇာတာကို မြို့အုပ်ကြည့်ပြီးသည်နှင့် အနည်းငယ်တော့ မျက်နှာပျက်ထွက်ထားသည်။ ဇာတာတွင်ကား လက်ထပ်ထိမ်းမြားဖို့ရာ မအောင်မြင်နိုင်ဘူးဟုဖတ်ကြားထားသည်။ ရှင်ကွဲ (သို့မဟုတ်) သေကွဲ ကွဲမည့်ဇာတာပါ ပါသည်။ဇာတာဖတ်တာတွေ နက္ခကြည့်တာတွေမှာ မယုံလို့မရပေ ။ ရှေးအစဉ်အဆက်တည်းက ယုံကြည်ခဲ့ကြခြင်းဖြစ်သည်။
"ဒါ...ဒါအမှန်ပဲလားအဘ"
"ဟုတ်တယ်မြို့အုပ်၊ ဒါကြောင့် အဘတို့ ပြန်ပြီးဆုံးဖြတ်ရမယ်ထင်..."
"ဟင့်အင်း၊ ကျုပ်လက်မခံဘူး။ လက်ထပ်ဖို့ကိစ္စကို ကျုပ်ဖြစ်မြောက်အောင်လုပ်မှာ အဘ"
"ဖြစ်ပါ့မလား မြို့အုပ်၊ ဇာတာဆိုတာ သွေဖယ်လို့ကောင်းတဲ့အရာမဟုတ်ဘူး"
"ကျုပ်မမှုဘူးအဘ၊ ဘယ်လိုအခြေနေဖြစ်ဖြစ် လက်ထပ်ပွဲကိုတော့ ရအောင်စီစဉ်မယ်"
"ခေါင်းမာနေပြန်ပါရောလား မြို့အုပ်ရယ်"
"ကျုပ်ကို ဇာတာအတုလုပ်ပေးပါအဘ၊ ဒီကိစ္စကို အသည်းအသက်ကိုလုံးဝသွားမပြောပါနဲ့၊ ဘာမဟုတ်တဲ့ ဇာတာတစ်ခုကြောင့် သူ့စိတ်ညှိုးငယ်မှာကို ကျုပ်မလိုချင်ဘူး!!"
"ဇာတာအတုဟုတ်လား ၊ အဆင်ပြေပါ့မလား"
"အဆင်ပြေအောင်လုပ်ပေးပါ။ ပြီးတော့ မင်္ဂလာပွဲကို ၂ပတ်အတွင်း ဖြစ်အောင်လုပ်မယ်။ မြို့ထဲကလူတွေအားလုံးကိုပြောပြထားပါ"
YOU ARE READING
မြို့အုပ်ရှောင်း [ Mayor Xiao ]
Random"ရှောင်း! ကျွန်တော့်ရဲ့ရှောင်း..." "ပြောပါ ကျုပ်ရဲ့အသည်းအသက်ရေ ကျုပ်နားထောင်နေပါတယ်"