6

4.1K 510 53
                                    

Unicode

မြို့အုပ်ရှောင်းက ရိပေါ်ကို တစိမ့်စိမ့်ကြည့်ရင်းပြောတော့ ရိပေါ်အနေရခက်သည်။ ဒီစကားအသွားအလာကပုံမှန်မဟုတ်။ မျက်နှာတစ်ခုလုံးနှင့် နားရွက်တို့ပါ ပူထူပြီးရဲတက်လာသည်။ မဟုတ်မှလွဲရော ရှက်နေတာများလား။

ယောကျ်ားတစ်ယောက်က ဒါမျိုးတွေလာပြောတာကို ရိပေါ်က ရှက်နေတယ်တဲ့လေ။

"ရှက်နေတာလား ဝမ်မျိုးရိုး"

"မ...မဟုတ်ပါဘူး၊ ကျွန်တော် ဒီတိုင်း"

"လိမ်တယ်!! ကျုပ်ကိုလိမ်နေတာ ... ဝမ်မျိုးရိုးရှက်နေတာ ကျုပ်သိတယ်"

"အာ... မြို့အုပ်ရှောင်းကလည်း ကာယကံရှင်မဟုတ်ပါဘူးဆို"

"ကျုပ်ဒါလေးပြောလိုက်တာကို ဝမ်မျိုးရိုးရင်ခုန်သွားတာမလား? မဟုတ်မှလွဲရော ကျုပ်ကိုများ..."

"မြို့အုပ်ရှောင်း....ခင်ဗျား... ခင်ဗျား မဟုတ်တာတွေမပြောနဲ့နော်"

"ကြည့်စမ်းပါအုံး အသံတွေပါတုန်လာပြီ"

ဒါတော့ ရိပေါ်ငြင်းမရတော့။ တကယ်ပဲ သူအသံတွေပါတုန်လာတာ။ ရင်ခုန်တာမဟုတ်လောက်ဘူး ကြောက်တာလို့ပဲ သူပြန်တွေးသည်။

"အဲ့လိုမဟုတ်ဘူး နားလည်မှုလွဲနေတာ"

"ထားပါတော့ ၊ ကျုပ်အိပ်ချင်ပြီ လာ"

မြို့အုပ်ရှောင်းက ရိပေါ်နားလာပြီး ဒူးကောက်ဝတ်မှမကာ ပွေ့ချီလိုက်သည်။

"ဟာ.. မြို့အုပ်ရှောင်းဘာလုပ်တာလဲ ကျွန်တော့ကိုချပေးပါ"

"ဟင်..."

"မဟုတ်ဘူး၊ အောက်ချခိုင်းတာ... ကုတင်နားကို ကျွန်တော့်ဘာကျွန်တော် လမ်းလျှောက်လာမယ်"

"ကျုပ်ချီချင်လို့!!!"

၁၀ လှမ်းပြည့်အောင်တောင်မလျှောက်ရတဲ့ ကုတင်နားကို မြို့အုပ်ရှောင်းက ရိပေါ်အားပွေ့ချီ၍သွားသည်။ ပြီးတော့ ကုတင်ပေါ်မှာ အသာအယာချပေးလိုက်သည်။

"မြို့အုပ်ရှောင်း... ဒါဘာလုပ်တာလဲ"

"ဘားမှမလုပ်ပါဘူး ၊ ဟိုဘက်အခြမ်းသွားမို့"

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now