Unicode
"ဟုတ်တယ် ရိပေါ် ကိုယ့်ကို သူပြောတာ သူပိုင်တဲ့အရာကို မျက်လုံးနဲ့စွေကြည့်တာတောင်မကြိုက်ဘူးတဲ့လေ"
"အကို တစ်ခုခုမှားနေပြီထင်တယ်"
"ဟင့်အင်း မမှားဘူးရိပေါ် သူက... သူက အကို့ကို ရိပေါ်နဲ့ ဝေးဝေးနေစေချင်ပုံပဲ"
"သူပိုင်တယ်လို့ဘယ်သူပြောတာလဲ၊ ကျွန်တော့်ကို ဘယ်သူမှမပိုင်ဘူး၊ ကျွန်တော့်ဘက်က ရိုးရိုးသားသားပဲအကို"
"သူကတော့ မရိုးသားတာသိတယ်မဟုတ်လား"
"ဝမ်မျိုးရိုး!!!"
စကားတပြောပြောနဲ့ လျှောက်လာတာ မြို့အုပ်အိမ်ရှေ့ရောက်လာတာကိုတောင် သတိမထားမိခဲ့ကြဘူး။ ထူးထူးဆန်းဆန်း မြို့အုပ်ရှောင်းကလည်း ဒီနေ့မှ အိမ်တံခါးပေါက်ဝမှာ ရပ်နေလေရဲ့။
"မြို့အုပ်ရှောင်း.."
"ဆရာ"
"လမ်းတောင် မလျှောက်နိုင်အောင်ဘယ်လိုဖြစ်ရတာလဲ ဝမ်မျိုးရိုး"
"ကျွန်တော် မနက်ကအိမ်အပြန် ခြေထောက်ခေါက်လဲသွားလို့ အကိုက.."
"အကို ဟုတ်လား"
မြို့အုပ်ရှောင်းက ချက်ချင်းပင် ရိပေါ်နှင့် ချန်ရွှမ်းရှိရာကို ရောက်လာပြီး ရိပေါ်ကို ပွေ့မချီလိုက်သည်။ ချန်ရွှမ်းကိုလည်း ဒေါသမျက်လုံးတို့ဖြင့် ကြည့်ကာ....
"မင်း....အခုအချက်ချင်း ငါ့မျက်စိရှေ့ကသွားလို့ရပြီ"
"ဟုတ်...ဟုတ်ကဲ့ဆရာ"
"ဝမ်မျိုးရိုး ကျုပ်ဒီလိုချီသွားရင်အဆင်ပြေတယ်မဟုတ်လား။ တစ်လမ်းလုံးတောင် ဟိုကောင်တွဲလာတာ အဆင်ပြေတယ်ဆိုတော့..."
"မြို့အုပ်ရှောင်း... ဘယ်လိုစကားမျိုးပြောနေတာလဲ"
မြို့အုပ်ရှောင်းက ရိပေါ်ကို ချီပြီး အခန်းထဲဝင်လို့လာတယ်။ ရောက်တော့လည်း ရိပေါ်အား ကုတင်ပေါ်ကို အားဖြင့် ဆောင့်ပစ်ချကာ ဆေးလိပ်တိုကိုဖွာရှိုက်သည်။
"ရေချိုးမယ်!! ဝမ်မျိုးရိုးကျုပ်နဲ့အတူ ရေချိုးရမယ်"
"ကျွန်တော် ရေချိုးပြီးသား မြို့အုပ်ရှောင်း၊ ထပ်ချိုးဖို့မလိုဘူး"
ESTÁS LEYENDO
မြို့အုပ်ရှောင်း [ Mayor Xiao ]
De Todo"ရှောင်း! ကျွန်တော့်ရဲ့ရှောင်း..." "ပြောပါ ကျုပ်ရဲ့အသည်းအသက်ရေ ကျုပ်နားထောင်နေပါတယ်"