4

4.3K 500 10
                                    

Unicode

ရိပေါ် အိမ်ရောက်တော့ အဝတ်အစားလဲကာ အိပ်ဖို့ပြင်သည်။ တစ်ညလုံး ကျောက်ရုပ်လိုနေခဲ့ရသည့်အတွက် ခန္ဓာကိုယ်တွေလည်းကိုက်ခဲနေပြီဖြစ်သည်။ အိပ်ဖို့မျက်လုံးအစုံကို မှိတ်ချလိုက်တဲ့အခါ မြင်ယောင်လာတာ မြို့အုပ်ရှောင်း။

သိပ်ချစ်လို့မြင်ယောင်လာတာမျိုးမဟုတ်ဘဲ ကြောက်လို့မြင်ယောင်လာတာ။ ညတိုင်းသာ ဒီလိုကြီးဖက်အိပ်ခံနေရလျှင် အဆင်မပြေ။ ဒီကြားထဲ သူ့ပစ္စည်းကသရမ်းသေးသည်။ အတွေးလွန်နေရင်းပင် ဘယ်အချိန်ကမှန်းမသိ မျက်လုံးတွေမှေးစင်းလာခဲ့ပြီး အိပ်စက်ခြင်းဆီသို့...။
.
.
.
"အဘရေ... အဘ"

မြို့ထဲက လူငယ်တစ်ယောက် အဘဆီ အသည်းအသန် အော်ဟစ်ပြေးလွှားလာခြင်းဖြစ်သည်။

"ကျိဝေ ဘယ်လိုဖြစ်တာလဲ အမောတကော"

"မြို့ထဲကို... မြို့ထဲကို ဂျပန်တွေဝင်လာတယ် အဘ"

"ဟေ! ဂျပန်တွေ ဝင်လာတယ်ဟုတ်လား။ သေချာရဲ့လား ကျိဝေရယ်"

"သေချာတယ် အဘ မြို့အုပ်ဆီလာတယ်ကြားတယ်"

"အိမ်း... ဒါတော့ဖြစ်နိုင်တယ်။ သူတို့လွှတ်ထားတဲ့ မြို့အုပ်ဆိုတော့လည်း"

"ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ အဘ"

"ဘယ်လိုလုပ်ရမှာတုံး... သူတို့ပြန်သွားမှ ဘာပြောတယ် ဘာဖြစ်လို့လာတယ်စုံစမ်းရမှာပေါ့"

"ဒါနဲ့ ရိပေါ်ရော အဘ "

"အေး မနက်မိုးမလင်းခင်ထဲကပြန်ရောက်တာ ငါ့ဆီလာပြီးအခြေအနေပြောပြသွားပြီ၊ အားလုံးအဆင်ပြေတယ်"

"ဟူး...တော်သေးတာပေါ့အဘရယ်"

"အေး အဘလည်းသူလာမှ ရင်ဘတ်ထဲကအလုံးကြီးကျတယ်၊ ဒါဖြင့် ဂျပန်တွေလည်းရောက်နေတယ်ဆိုတော့ အဘလူစုပြီးမပြောတော့ဘူး။ ကျိဝေကပဲ မြို့ထဲကလူတွေကို ရိပေါ်အဆင်ပြေကြောင်းလိုက်ပြောပေး ဟုတ်ပြီလား"

"ဟုတ်ကဲ့ အဘစိတ်ချ"

"အေးအေး ဒါဆိုသွားတော့ကျိဝေ မင်းကုန်တွေလည်း သိမ်းရအုံးမှာမဟုတ်လား"

"ဟုတ်တယ်အဘရေ ဒီနှစ်ကုန်စျေးတွေလည်းထိုးတက် အဆင်မပြေပါဘူး"

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now