16

2.9K 307 7
                                    

Unicode

မြို့အုပ်အိမ်ကပြန်လာရတော့ ရိပေါ်ရင်ထဲနေမကောင်းချင်။ ရတာထက်ပိုလိုချင်မိနေလားပဲ။ ညသွား မနက်ပြန်က ပုံမှန်ဆိုပေမယ့် ဒီနေ့မနက်မှမပြန်ချင်ဖြစ်နေတာ...။

"အာ့..."

ဝင်တိုက်မိပြန်ပြီ။ မြို့အုပ်နှင့်တွေ့ပြီးကာမှ ရိပေါ်တစ်ယောက်ငလျင်မိနေလားတောင်မသိတော့ပါဘူး။ မျက်လုံးလှန်ကြည့်မိတော့ သူတစ်ခါမှမမြင်ဘူးတဲ့ အဝတ်အစားနဲ့လူအချို့။

"ငါ့ကို ဝင်တိုက်ရဲရအာင် မင်းဘယ်သူလဲ"

လုံးထွေးနေတဲ့ စကားသံတွေကြောင့် ထိုလူဘာပြောလိုက်လဲဆိုတာ ရိပေါ်သေချာမကြား။

"ဟင်... ဘာပြောလိုက်တာလဲ မသိဘူး"

"မင်း ဘယ် သူ လဲ"

"မြို့ထဲက သူငယ်တစ်ယောက်ဖြစ်ပါလိမ့်မယ် ဗိုလ်ချုပ်"

ကြားထဲ ဝင်ထောက်ကူပြောပေးတဲ့ လူ၏အသံကိုသာရိပေါ် ပီပီပြင်ပြင်ကြားရသည်။ ဂျပန်လူမျိုးဖြစ်တဲ့အတွက် ဗိုလ်ချုပ်အသံက ရိပေါ်နားထဲတစ်မျိုးဝင်နေတာဖြစ်သည်။

"ကျွန်တော့် နာမည် ရိပေါ်... ခင်ဗျားက ဗိုလ်ချုပ်လား"

အရဲတင်းလွန်းလှတဲ့ ရိပေါ်ကြောင့် ဘေးမှလူများလန့်လာရသည်။ ဗိုလ်ချုပ်လိုလူကို လေပြင်းတောင် ဝှေ့တိုက်ရဲတာမဟုတ်။

"အေး...ဟုတ်တယ်"

"အော် ဒါဆို ကျုပ်တို့ကိုအခွန်တွေကောက်ခိုင်းတာ ခင်ဗျားပေါ့"

"ဒါ ငါ့အလုပ်ပဲ။ မင်းတို့မြို့မှာပဲ လာလုပ်နေတာမဟုတ်ဘူး ငါမြို့တကာလှည့်ပြီးကောက်နေတာ"

"မသထာ ရေစာတွေစားပြီး ခင်ဗျားမသေသေးဘူးနော် အံ့သြစရာပဲ"

ပြင်းထန်လာတဲ့ ဗိုလ်ချုပ်နှင့် ရိပေါ်ကြား လေတောင်တိုးမဝင်ရဲသေးပါ။ ဗိုလ်ချုပ်ကလည်း တစ်ခုခုဆိုတာနှင့် သတ်ပစ်တတ်တဲ့သူဖြစ်ပြီး ရိပေါ်ကလည်း မဟုတ်မခံလေး။

"မင်း... မင်း ငါ့မျက်စိရှေ့ကထွက်သွား"

"အခွန်ကောက်တဲ့ ကိစ္စကို အချိန်မလွန်ခင်ရပ်ပေးပါ... မြို့ထဲအဆင်ပြေနေတဲ့သူက လက်ချိုးရေလို့ ရတာမို့"

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now