13

3K 374 17
                                    

Unicode

ရိပေါ် အဖြေကို အဘနှင့် ချန်ဝေ့အကိုမှာ ပါးစပ်အဟောင်းသားဖြင့် မယုံနိုင်ဖြစ်နေကြသည်။ အချစ်ဆိုတာ ဘယ်ကစမှန်းတောင်မသိတဲ့ရိပေါ်လိုကောင်လေးက ဒီလူကိုချစ်တယ်တဲ့...။

"သေချာရဲ့လား ရိပေါ်ရယ်"

"အင်းသေချာတယ် အကို ၊ ကျွန်တော် မြို့အုပ်ရှောင်းကိုတကယ် ချစ်မိနေပြီ"

ဘယ်အရာကများ မြို့အုပ်ကိုချစ်မိအောင် ဆွဲဆောင်ခဲ့သလဲရိပေါ်မသိပါ။ သူသိတာ ပြီးတော့သူ့အတွက်သေချာတာက မြို့အုပ်ကိုချစ်တယ်ဆိုတာပါပဲ။

"အဘဖြင့် ဘာပြောရမှန်းတောင်မသိပါဘူးရိပေါ်ရယ်... အမျိုးသား ၂ယောက်ဆိုတည်းက အဘအတွက်အထူးအဆန်းကြီးဖြစ်နေတယ်"

"လူ လူ ချင်းပါပဲ အဘရယ် အများကြီး တွေးစရာတော့မလိုပါဘူး... အဓိက က ဟိုလူက ရိပေါ်ကို အတည်လားဒါမှမဟုတ် တစ်နပ်စားကြံတာလားဆိုတာပဲ"

"ဟာ... အကိုကလည်း အဲ့လိုတော့မဟုတ်လောက်ဘူးထင်ပါတယ်၊ ကျွန်တော့်အမြင်တော့ မြို့အုပ်က လူကောင်းပါ"

မြို့အုပ်ကို သေးသေးလေးတောင်အထိမခံချင်တဲ့ ရိပေါ်ရယ်ပါ။

"အော် ခက်ပြီ ရိပေါ်ရယ်... တကယ် အဲ့ဒီ့လူကိုစွဲလမ်းနေတာပဲ အခုလည်း အကိုက စိတ်ပူလို့ပြောလိုက်ရုံပါ"

"ဟို...ကျွန်တော်က..."

"အင်း... အကိုသိတယ် ၊ မပြောနဲ့တော့ ။ အခုမှ အချစ်ကိုခံစားတတ်တဲ့ ရိပေါ်အတွက် စကား​နည်းနည်းတောင် လွဲလို့မဖြစ်ဘူး"

"ကျွန်တော် တောင်းပန်ပါတယ်အကို ကျွန်တော် စကားပြောလောသွားမိတယ်"

"မလိုပါဘူးရိပေါ်ရယ် ၊ အခုက ဘယ်လိုအခြေနေလဲ ရိပေါ်နဲ့သူက တွဲနေကြတာမျိုးလား"

"ဟင့်အင်း!! မဟုတ်သေးဘူးအကို ကျွန်တော် အဖြေပေးဖို့ အချိန်တစ်ပတ်လိုသေးတယ်"

"အင်း အကိုကတော့ သေချာလေ့လာစေချင်တာပဲ"

"ဟုတ်အကို... ကျွန်တော် ကချစ်မိတာကို ဝန်ခံယုံပါပဲ။ သေချာလေ့လာအုံးမှာပါ"

"အင်းပါ အကို ရိပေါ်ကိုယုံတယ်၊ အဘကရော ကလေးကိုဘာပြောချင်သေးလဲ"

မြို့အုပ်ရှောင်း [ Mayor Xiao ]Where stories live. Discover now