မြူးကြွနေသောတေးသံတွေမရှိပဲ အေးအေးငြိမ့်ငြိမ့် သီချင်းလေးတွေဖွင့်တတ်ကာ ဒိတ်လို့ကောင်းသော ဘားလေးကို သျှင်းမြတ်သဘောကျသည်။ ဆူညံကာ မြူးကြွသော ကလပ်တွေ ဘားတွေကိုသဘောကျသော်လည်း ရံဖန်ရံခါကြတော့လည်း အေးဆေးလေးထိုင်သောက်ကာ စကားပြောရသည်ကပိုကောင်းသည်လေ။
"အဲ့တော့ နင်ကခွင့်နှစ်လယူပြီး နင့်အမေကိုသွားတွေ့မလို့ပေါ့"
"သွားတွေ့တယ်ဆိုတာထက် သွားကြည့်တာကွာ နင်လဲသိပါတယ် ငါကသူ့ကိုဓာတ်ပုံလေးတစ်ပုံပဲမြင်ဖူးခဲ့တာလေ"
"အော်..အင်းပါ နင့်သဘောပါပဲ ဒါနဲ့နင့်အဖေပြောတဲ့ အိမ်ထောင်ဖက်ကိုရောသွားတွေ့ပြီးပြီလား"
"မနက်ဖြန်မှ ချိန်းထားတာ ပြီးတော့မနက်ဖြန် စီနီယာတစ်ယောက်ရဲ့ပါတီလဲသွားစရာရှိသေးတယ်"
"သူကလူကြီးလူကောင်းပုံစံပဲနော်"
"အို နိုး သရဖီ.. ငါ့ရဲ့ type မဟုတ်ဘူးဆိုတာ နင်လဲသိရက်သားနဲ့ ပြီးတော့ ငါကဘယ်တုန်းကမှ ယောကျာ်းတွေကို မကြိုက်ဖူးဘူး ငါကြိုက်တာက bad girls လေးတွေလေ"
သူ့ရဲ့ရှုံ့မဲ့မဲ့အပြောကို သရဖီကရယ်သည်။ သရဖီဆိုတာက သူ့ရဲ့တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်းပင်။
သျှင်းမြတ်တလူဟာ တော်တော်များများအမြင်မှာ အပေါင်းအသင်းများသလို မခင်တဲ့သူမရှိဟုထင်ရပေမဲ့ ဒါက အပေါ်ယံသဘောမျှသာ။ သူ့အကြောင်းကိုသိသူဟာ သရဖီပဲဖြစ်ပြီး သရဖီကတော့ သူတို့ဩဇီမှာရှိကတည်းက ပေါင်းခဲ့တဲ့သူပင်။"နင်ကတော့ ယောကျာ်းလေးမဖြစ်လို့သာပေါ့ မဟုတ်ရင် နင့်မှာ မိန်းမတွေအများကြီးကမွေးတဲ့ကလေးတွေကို တောင်းနဲ့လိုက်ကောက်နေရဦးမယ်"
"ငါကတော့ ဘုရားသခင်က ငါ့ရဲ့ပုံပန်းသွင်ပြင်ကို မိန်းမတစ်ယောက်အဖြစ်ဖန်တီးပေးခဲ့တာကို တကယ်သဘောကျတယ် ပြီးတော့ မိန်းမတွေကိုလည်းတကယ်သဘောကျတယ်.. သူတို့ကတကယ်မိုက်တယ်လေ"
"နင် အဲ့လိုတွေပြောတိုင်း ငါ့ရည်းစားကြီးကိုပစ်ပြီး ငါပါ ကွေးရတော့မလားလို့တွေးနေမိတယ်"
YOU ARE READING
You And I
Romanceလွတ်လပ်ပေါ့ပါးလှသော single life ကြီးကနေ ရုတ်တရတ်ကြီး ဘဝထဲကို တခြားသူကဝင်ရောက်လာသောအခါ...