အပိုင်း (၂၄)

4.2K 398 5
                                    

"ဘေဘီ ဒီကိုလာ"

လက်နှစ်ဖက်ကိုဖြန့်ကားကာ ကုတင်ပေါ်ကနေပြီး သူ့ကိုလာဖို့ခေါ်နေသော သျှင်းမြတ်ကိုကြည့်ကာ ရယ်ချင်မိပေမဲ့ မသွားပဲမနေနိုင်ပဲ ကုတင်ပေါ်တက်ကာ ဆန့်တန်းထားသောလက်နှစ်ဖက်ကြားကိုတိုးဝင်လိုက်တော့ ထွေးပွေ့လာသော လက်တစ်စုံဟာ ရင်ခုန်စရာကောင်းသည်။

"လိုးရှင်းပြောင်းထားတာလား"

ရေချိုးပြီးခါစမို့လို့ လိုးရှင်းလိမ်းထားတာကြောင့် ရနံကမပျောက်သေးပဲ စွဲထင်နေသည်။ ဂရုမစိုက်တတ်သည့်သူဆိုရင်သတိမထားမိနိုင်ပေမဲ့ သေးသေးဖွဲဖွဲလေးပြောင်းလဲတာကအစသိနေသော သျှင်းမြတ်ကတော့ ငုဝါဘာဖြစ်သည်ဆိုတာကို အမြဲသိနေလေ့ရှိသည်။

"စမ်းကြည့်တာ ဒါလေးနည်းနည်းအေးတယ်"

"အွန်း မွှေးနေတာပဲ"

လည်တိုင်ကိုထိတွေ့လာသော စိုစွတ်စွတ်အနမ်းကြောင့် ရင်ခုန်သွားသလို နားရွက်ဖျားတွေလဲပူလာရသည်။ အချိန်တွေကြာပေမဲ့လို့ ဒါကိုတော့ကျင့်သားမရသေးပါ။

"တို့ ဒယ်ဒီဆီကို တို့နှစ်ယောက်အကြောင်းကို ပြောပြလိုက်တယ် တို့နဲ့သူနဲ့ကမဆက်သွယ်ဖြစ်ပေမဲ့လို့ သူကမြန်မာပြည်ခဏလာမယ်ပြောတာနဲ့ ပြောပြလိုက်တာ"

"အင်း..အခြေအနေကမကောင်းဘူးမလား"

"တောင်းပန်ပါတယ်"

"ရပါတယ်..ဘာပဲဖြစ်ဖြစ် ပေါင်းဖက်ကြတာက ကျွန်မတို့နှစ်ယောက်လေ ကျွန်မတို့ချင်းနားလည်နေရင်ရပါပြီ မိဘဆွေမျိုးအသိုင်းအဝိုင်းကိုလက်ခံရမယ်ဆိုပေမဲ့လို့ သူတို့ကလက်မခံတဲ့အခါ ကိုယ်ကလည်းဂရုစိုက်နေစရာတော့မလိုဘူးထင်တာပဲ"

"သူကအရေးမပါပါဘူး အဲ့လိုပြောလို့ တို့ငရဲကြီးမယ်ဆိုလဲ အဲ့ဒါကအမှန်ပဲလေ.. တို့အဘိုးအဘွားကပဲ တို့ကိုစောင့်ရှောက်လာတာ ဩဇီမှာလဲ တို့ဘာသာတို့အချိန်ပိုင်းအလုပ်နဲ့ အထက်တန်းအောင်လာတာ အသက်ပြည့်ပြီးတာနဲ့ လေကြောင်းသင်တန်းကအဆောင်မှာပဲနေခဲ့တာ တို့မှာသူ့အပေါ်ကျေးဇူးဆိုလို့ သူ့အိမ်မှာနေခဲ့တာရယ် တစ်ခါတစ်ရံ သူပေးတဲ့မုန့်ဖိုးရယ် ဒါပဲရှိတာလေ သူ့ကဘယ်လောက်ပဲ မိဘဖြစ်ဦးတော့ တို့ဘဝကိုခြယ်လှယ်ခွင့် သူ့မှာမရှိဘူး"

You And IWhere stories live. Discover now